#World_Health
Published 14 February 2026
■ သားအိမ်ခေါင်းကင်ဆာဆိုတာက အသက် ၄၀၊ ၅၀ ဝန်းကျင် အမျိုးသမီးတွေမှာ စိုးရိမ်ရတဲ့ ရောဂါလို့ သတ်မှတ်ခဲ့ကြပြီး ငယ်ရွယ်သူတွေမှာ စိတ်ထဲမထားခဲ့ကြပါဘူး။
■ ယခုအခါမှာတော့ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ အစောပိုင်းအဆင့် အဖြစ်များလာတာကို တွေ့လာရပါတယ်။
■ HPV ဗိုင်းရပ်စ် စောစီးစွာထိတွေ့ခြင်း၊ ကာကွယ်ဆေးနောက်ကျခြင်း၊ ရောဂါစစ်ဆေးမှုအားနည်းခြင်းတို့ကြောင့် ငယ်ရွယ်သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာအန္တရာယ် ရှိလာတတ်ပါတယ်။
■ HPV ကူးစက်ရင် များသောအားဖြင့် လက္ခဏာမပြတတ်တာကြောင့် ကြိုတင်ကာကွယ်မှု မလုပ်ထားရင် ရေရှည်မှာ သက်ရောက်လာနိုင်တယ်လို့ အိန္ဒိယ CK Birla ဆေးရုံမှ ဒေါက်တာဗီဗက်ဂူ့ပ်တာက ပြောပါတယ်။
■ အသက်အရွယ် အစောပိုင်းကာလတွေမှာ ရောဂါပိုးထိတွေ့ပြီး သတိမပြုမိမှာကို ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
■ ကာကွယ်ဆေးထိုးတာ နောက်ကျရင် ကာကွယ်ဖို့ အရေးကြီးတဲ့ကာလ ကျော်သွားနိုင်ပါတယ်။
■ ကမ္ဘာတဝှမ်း HPV ကာကွယ်ဆေးအကြောင်း အသိပညာပေးထားပေမယ့် အိန္ဒိယမှာတော့ အယူအဆမှားတွေ၊ အသိကင်းမဲ့တာတွေကြောင့် မိသားစုတွေ ထိခိုက်စေပါတယ်။
■ ကလေးဘဝတည်းက စတင်ကာကွယ်သင့်သလို ငယ်ရွယ်သူအများစုဟာလည်း ရောဂါစစ်ဆေးမှု မလုပ်ဖူးကြပါဘူး။
■ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်းပုံမှန်မဟုတ်တာတွေကို တွေ့ရှိနိုင်ပြီး ကာကွယ်လို့ရနိုင်ပါတယ်။
■ ဒါ့အပြင် ကလေးဘဝတည်းက ကာကွယ်မှုများပြုလုပ်ဖို့နဲ့ ပညာပေးခြင်း၊ မျိုးပွားကျန်းမာရေးအကြောင်း ပွင့်လင်းစွာဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: India Today.