#World_Health
Published 14 February 2026

■ မျှစ်စားခြင်းရဲ့ အကျိုးကျေးဇူးအမျိုးမျိုးကို သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။

■ အန်ဂလီယာရပ်စ်ကင်တက္ကသိုလ်မှ သုတေသီများဦးဆောင်ကာ လူသားစမ်းသပ်ချက်များနဲ့ လူသားဆဲလ်လေ့လာချက်များ ပထမဆုံးပြုလုပ်ခဲ့ကြပါတယ်။

■ တွေ့ရှိချက်များအရ မျှစ်စားခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေခြင်း၊ ရောင်ရမ်းမှုလျှော့ချခြင်းတို့ ရရှိစေနိုင်ပါတယ်။

■ ဝါးပင်က ကမ္ဘာပေါ်မှာ အမြန်ဆုံးကြီးထွားတဲ့အပင်မျိုးဖြစ်ပြီး အာရှမှာ စားသုံးနေကြဖြစ်သလို ကမ္ဘာတဝှမ်းမှာ အရေးပါတဲ့အစားအစာ ဖြစ်လာနိုင်တယ်လို့ သုတေသီတွေ ပြောပါတယ်။

■ သုံးသပ်ချက်များအရ မျှစ်မှာ ပရိုတိန်းကြွယ်ဝကာ အဆီနည်းပါးပြီး အမျှင်ဓာတ် အသင့်အတင့် ပါဝင်ပါတယ်။

■ ဒါ့အပြင် အမိုင်နိုအက်ဆစ်၊ ပိုတက်ဆီယံ၊ ဆယ်လီနီယံ၊ ဗိုက်တာမင်များ၊ သိုင်ယာမင်း၊ နိုင်ယာစင်တို့လည်း ပါဝင်ပါတယ်။

■ ဆီးချို၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်စွမ်းရှိနေပါတယ်။

■ မျှစ်က အားထားရတဲ့စားစရာ ဖြစ်လာနိုင်ခြေရှိပေမယ့် ခိုင်မာတဲ့ အတည်ပြုချက်များ မရသေးခင် သေချာတဲ့ လူသားစမ်းသပ်ချက်တွေ ပြုလုပ်ရဦးမှာပါ။

■ မျှစ်စားတဲ့သူတွေမှာ ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်တွေလည်း တွေ့ရပါတယ်။

■ အကျိုးပြုဘက်တီးရီးယားများ ပွားများစေပြီး ဆဲလ်ထိခိုက်မှု လျော့နည်းစေခြင်းဖြင့် အူလမ်းကြောင်းကိုလည်း ထောက်ကူပေးတယ်လို့ တွေ့ရပါတယ်။

■ မျှစ်စားတဲ့အခါမှာတော့ သေချာချက်ပြုတ်ပြင်ဆင်ဖို့လိုပြီး ဒီလိုမဟုတ်ပါက ဆိုင်ယာနိုက်အဆိပ် ထွက်နိုင်ပြီး သိုင်းရွိုက်လုပ်ဆောင်ချက် နှောင့်ယှက်စေနိုင်ကြောင်း သတိပေးထားပါတယ်။

Source: NDTV