#World_Health
Published 09 October 2025

▪️ ဓမ္မတာလာချိန်အတွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းဗိုက်ပြဿနာတွေ ဖြစ်တတ်ကြပါတယ်။

▪️ ဒီလက္ခဏာတွေက အန္တရာယ်မရှိဘူးဆိုပေမယ့် နေရထိုင်ရ အလွန်ခက်ခဲပါတယ်။

▪️ ဒီလိုပြဿနာမျိုးတွေကို သက်သာစေနိုင်မယ့် စားသောက်နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။

▪️ (၁) ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါက ဝမ်းမချုပ်စေဘဲ ပိုလျှံတဲ့ဆိုဒီယံတွေ လျှော့ချပေးကာ ဝမ်းသွားရလွယ်ကူစေပါတယ်။

▪️ (၂) အုတ်ဂျုံ၊ ဂျုံသီးနှံ၊ အသီးနဲ့ ဟင်းရွက်တို့လို အမျှင်ဓာတ်များတဲ့ အစားအစာတွေက ဝမ်းကောင်းစေပြီး ဝမ်းပျက်ခြင်းကိုလည်း သက်သာစေပါတယ်။

▪️ (၃) ကဖင်းဓာတ်က အူလမ်းကြောင်း လှုံ့ဆော်မှုအားကောင်းလွန်းပြီး ဝမ်းပျက်ခြင်းကို ပိုဆိုးစေကာ အချိုရည်တွေကတော့ လေပွခြင်းဖြစ်စေတာကြောင့် ဓမ္မတာအချိန်မှာ ဒါတွေကို လျှော့ချသင့်ပါတယ်။

▪️ (၄) ဓမ္မတာကာလအတွင်း အချို့က လက်တို့စ်ကို ခံနိုင်ရည်မရှိတာကြောင့် နို့ထွက်ပစ္စည်းတွေ ရှောင်ရှားသင့်ပါတယ်။

▪️ (၅) ဒိန်ချဉ်နဲ့ အချဉ်ထောက်တဲ့ ဟင်းရွက်တွေလိုမျိုး ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားများကို ကူညီပေးကာ အစာချေခြင်းကို ကူညီပေးပါတယ်။

▪️ (၆) လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းဖြင့် ပုံမှန်လှုပ်ရှားပေးပါက အစာချေခြင်းကို လှုံ့ဆော်ပေးကာ ဝမ်းချုပ်ဝမ်းပွခြင်းမှ ကာကွယ်ပေးကာ စိတ်အခြေအနေ ထိန်းသိမ်းပေးပါတယ်။

▪️ (၇) တစ်ထိုင်တည်းနဲ့ အများကြီးမစားဘဲ နည်းနည်းဖြင့် မကြာခဏစားပေးခြင်းက အစာချေစနစ်နဲ့ ကိုက်ညီစေပါတယ်။

▪️ (၈) ပူစပ်တဲ့စားစရာတွေက အစာချေခြင်းကို မြန်ဆန်စေပြီး ဝမ်းပျက်နိုင်ခြေ ပိုများစေပါတယ်။

▪️ (၉) ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ပေးခြင်းက ဗိုက်အောင့်ခြင်းကို သက်သာစေရုံမက အူလမ်းကြောင်း ကြွက်သားများကို ပြေလျော့စေပါတယ်။

▪️ (၁၀) ဓမ္မတာကာလအတွင်း ဝမ်းဗိုက်မှာဖြစ်တတ်တဲ့ပုံစံတွေကို မှတ်သားထားခြင်းဖြင့် နောက်တစ်ကြိမ်မှာ ပြုလုပ်သင့်တာတွေကို ကူညီပေးနိုင်ပါတယ်။

Source: DoctorNDTV.