#World_News
Published 20 November 2026
■ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင် သုံးဦးဟာ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ မကြုံစဖူး သုံးနိုင်ငံထိပ်သီးအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး “ငြိမ်းချမ်းရေးကြေညာချက်” တစ်ရပ်ကို သဘောတူထုတ်ပြန်ခဲ့ကြပါတယ်။
■ ဒီအစည်းအဝေးမှာ အဓိကအားဖြင့် နျူကလီးယားစစ်ပွဲဆိုတာ ဘယ်သူ့အတွက်မှ အနိုင်ရနိုင်တဲ့စစ်ပွဲ မဟုတ်သလို ဘယ်တော့မှ မဖြစ်ပွားသင့်ဘူးဆိုတဲ့အချက်ကို ခေါင်းဆောင်သုံးဦးက ထပ်မံအတည်ပြုခဲ့ကြပါတယ်။
■ ဒါပေမဲ့ ထရမ့်ဟာ အရင်ကတည်းက ပြောဆိုလာခဲ့တဲ့ နျူကလီးယားလက်နက်လျှော့ချရေး သဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ တိကျတဲ့ ဆွေးနွေးမှုအစီအစဉ်တစ်ခု ထွက်ပေါ်လာတာမျိုး မရှိခဲ့ပါဘူး။
■ ဒီသုံးရက်ကြာ အာရှခရီးစဉ်အတွင်း ထရမ့်ဟာ သမိုင်းဝင်အောင်မြင်မှုတွေ ရရှိခဲ့တယ်၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်ခဲ့တယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် လက်တွေ့ကျတဲ့ ရလဒ်တွေကတော့ သိပ်ပြီးထင်ထင်ရှားရှား မတွေ့ခဲ့ရပါဘူး။
■ အဲဒီအစား အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကြားမှာ ထရမ့်ရဲ့ ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေးအပေါ် စိုးရိမ်မေးခွန်းတွေ ပိုများလာခဲ့ပါတယ်။
■ အစည်းအဝေးမှာ ထရမ့်က ပူတင်ကို “ကျွန်တော့်သူငယ်ချင်း” လို့ ခေါ်ဆိုခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ထရမ့်ကို ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။
■ ထရမ့်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတာကို တချို့က သံတမန်ရေးအရ အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် မြင်ကြပါတယ်။
Source-Reuters