#World_News
Published 19 November 2026

■ အယ်လ်နီညို ရာသီဥတုကြောင့် လောင်စာဆီကဏ္ဍမှာ ပြတ်တောက်မှုတွေ မဖြစ်အောင် ပီရူးနိုင်ငံဟာ နိုဝင်ဘာ ၁၈ ရက်နေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လောင်စာဆီထောက်ပံ့မှုဆိုင်ရာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။

■ ဆိုးရွားတဲ့ရာသီဥတုဒဏ်ကြုံရရင်တောင် တစ်နိုင်ငံလုံး လောင်စာဆီမပြတ်ရအောင် အချိန်မှီ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အခုလိုလုပ်ဆောင်ရတာဖြစ်တယ်လို့ စွမ်းအင်နှင့်သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

■ "မိုးသည်းထန်စွာရွာတာ၊ ရေကြီးတာ၊ ရွှံ့နွံထတာနဲ့ မြေပြိုတာတွေကြောင့် နိုင်ငံအနှံ့က အဓိက အခြေခံအဆောက်အအုံတွေကို ထိခိုက်နိုင်တာမို့ ဒီအရေးပေါ်ကြေညာချက်မှာ သန့်စင်စက်ရုံတွေ၊ သိုလှောင်ရုံတွေကနေ ဈေးကွက်ထဲ ဖြန့်ဖြူးတဲ့အထိ လောင်စာဆီလုပ်ငန်းစဉ် တစ်ခုလုံး ပါဝင်ပါတယ်" လို့ ဝန်ကြီးဌာနကဆိုပါတယ်။

■ ဒီလိုကြေညာတာဟာ သယ်ယူပို့ဆောင်ရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ လျှပ်စစ်မီးပေးဝေမှုအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ မထိခိုက်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။

■ ပီရူးနိုင်ငံ စွမ်းအင်သုံးစွဲမှု စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းဟာ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့၊ အရည်ပျော်လောင်စာနဲ့ စက်သုံးဓာတ်ငွေ့ (LPG) တို့လို လောင်စာဆီကဏ္ဍကနေလာတာပါ။

■ လက်ရှိအခြေအနေကို သုံးသပ်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် ပီရူး စွမ်းအင်နှင့် သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ကို တာဝန်ပေးထားပါတယ်။ဒီအရေးပေါ်အမိန့်ကို အစိုးရပြန်တမ်းမှာထုတ်ပြန်ထားကြေညာပြီး
နောက်တစ်နေ့ကစလို့ ၈ လအထိ အသက်ဝင်မှာ ဖြစ်ပါတယ်။

Source-Xinhua