#World_News
Published 18 November 2026

■ Apple ဝန်ဆောင်မှုတွေမှာ ကြီးမားတဲ့ ချို့ယွင်းမှုတစ်ခု ဖြစ်ပွားနေပြီး အမေရိကန်အပါအဝင် နိုင်ငံအချို့က အသုံးပြုသူ ထောင်ပေါင်းများစွာဟာ Apple ရဲ့ ဝန်ဆောင်မှုတွေကို ဝင်ရောက်အသုံးပြုလို့ မရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

■ ပြဿနာဖြစ်ပွားနေတဲ့ ဝန်ဆောင်မှုတွေထဲမှာ Apple Support၊ App Store၊ iCloud နဲ့ Apple Pay တို့ ပါဝင်ပါတယ်။

■ ဝန်ဆောင်မှုတွေ ပြတ်တောက်မှုကို စောင့်ကြည့်ဖော်ပြပေးနေတဲ့ Downdetector ရဲ့ အချက်အလက်တွေအရ Apple Pay မှာ စတင်ပြီး ပြဿနာတိုင်ကြားမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

■ အဲဒီနောက် iCloud အပါအဝင် အခြား Apple ဝန်ဆောင်မှုတွေမှာလည်း ပြဿနာတွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပါတယ်။

■ အသုံးပြုသူအများအပြားဟာ သူတို့ရဲ့ Apple Account တွေကနေ အလိုအလျောက် Sign Out ဖြစ်သွားပြီးနောက် ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ အဆင်မပြေတော့ဘူးလို့ ပြောဆိုနေကြပါတယ်။ 

■ Apple ရဲ့ System Status စာမျက်နှာမှာလည်း iCloud Account နဲ့ Sign-in ဝန်ဆောင်မှုတွေအပြင် App Store နဲ့ Apple Music တို့မှာပါ ချို့ယွင်းမှုတွေရှိနေကြောင်းဖော်ပြထားပါတယ်။

■ တချို့အသုံးပြုသူတွေက Apple Account ထဲ ပြန်ဝင်လို့မရတာ၊ iCloud အသုံးပြုရာမှာ Verification Failed ဆိုတဲ့ Error ပေါ်လာတာနဲ့ iPhone အသစ်တွေကို Activate လုပ်လို့မရတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

■ ဒီပြဿနာဟာ အမေရိကန်တစ်နိုင်ငံတည်းမှာသာ ဖြစ်ပွားနေတာမဟုတ်ဘဲ ဘရာဇီး၊ ဂရိနဲ့ လတ်ဗီးယားနိုင်ငံတွေက အသုံးပြုသူတွေဆီမှာလည်း အလားတူ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

■ လတ်ဗီးယားနိုင်ငံက အသုံးပြုသူတစ်ဦးကလည်း “ဒီမှာလည်း အလုပ်မလုပ်ဘူး။ Apple Pay ကလည်း အလုပ်မလုပ်တော့ဘဲ Sign-in ပြန်ဝင်ခိုင်းနေတယ်။ ဒါပေမဲ့ ပြန်ဝင်လို့လည်း မရဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

■ Apple အသုံးပြုသူတွေဟာ iCloud၊ Apple Pay၊ App Store နဲ့ Apple Account တွေကို ဝင်ရောက်အသုံးပြုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး ဒီပြဿနာဟာ နိုင်ငံအများအပြားအထိ ပျံ့နှံ့နေတဲ့ ဝန်ဆောင်မှုဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။ 

Source-Wion