#World_Science
Published 26 March 2026

■ လော်ဆန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကင်ဆာအကျိတ်ဆဲလ်တွေ ဗိုက်တာမင်-ဘီ၇ ချို့တဲ့တဲ့အခါ အားနည်းချက်ပေါ်ပေါက်လာတဲ့ ဆဲလ်ဖြစ်စဉ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

■ အချို့သောဆဲလ်တွေက အမိုင်နိုအက်ဆစ် ဂလူတမင်းကို အတော်လေး မှီခိုနေရပါတယ်။

■ ဂလူတမင်းက ပရိုတိန်းနဲ့ DNA ဆောက်လုပ်ဖို့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေကို ထောက်ပံ့ပေးကာ ဂလူတမင်းမရှိပါက ဆဲလ်တွေ ဆက်ပြီးမကွဲနိုင်တော့ပါဘူး။

■ ကင်ဆာဆဲလ်တွေဆိုရင် ဂလူတမင်းအပေါ် မှီခိုနေရကာ အားနည်းချက် ဖြစ်နေပါတယ်။

■ ဒါတောင်မှ အကျိတ်တွေဟာ ဒီမှီခိုရမှုကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါသေးတယ်။

■ ပိုင်ရူဗိတ်ကာဘောက်ဆလေ့စ်လို့ခေါ်တဲ့ မိုင်တိုခွန်ဒရီယယ်အင်ဇိုင်းဟာ အလုပ်လုပ်ဖို့အတွက် ဗိုက်တာမင်-ဘီ၇ (ဘိုင်အိုတင်)နဲ့ ပေါင်းစပ်ရပြီး ဘီ၇မရှိရင် အင်ဇိုင်းအလုပ်မလုပ်တော့ဘဲ ဆဲလ်ကြီးထွားမှု ရပ်တန့်သွားပါတယ်။

■ ဒါကြောင့် ပိုင်ရူဗိတ်တွေ ဆဲလ်လမ်းကြောင်းထဲဝင်စေနိုင်ဖို့ ဘိုင်အိုတင်က ခွင့်ပြုရသလို ဖြစ်နေပါတယ်။

■ ကင်ဆာအမျိုးမျိုးနဲ့ ဆက်စပ်နေတဲ့ FBXW7 လုပ်ဆောင်ချက်ကိုလည်း တွေ့ရှိထားပါတယ်။

■ FBXW7 ဗီဇပြောင်းတဲ့အခါ ပိုင်ရူဗိတ် မသုံးနိုင်တော့ဘဲ ဆဲလ်တွေက ဂလူတမင်းကို မှီခိုလာရပါတယ်။

■ လူနာတွေမှာ FBXW7 ဗီဇပြောင်းလဲခြင်းက ဒီလိုမျိုး မှီခိုမှုကို တိုက်ရိုက်ဖြစ်စေပါတယ်။

■ ဒီလေ့လာချက်တွေကနေ သိရတာက ဂလူတမင်းဖြစ်စဉ်ကို ဟန့်တားရုံဖြင့် အောင်မြင်မှုမရဘဲ ကင်ဆာဆဲလ်တွေက အခြားနည်းလမ်းဖြင့် အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။

■ ရေရှည်မှာ ကင်ဆာတွေရဲ့ အားနည်းချက်တွေကို ပိုမိုသိရှိလာနိုင်ပြီး ကုသမှုနည်းလမ်းသစ်တွေ ဖန်တီးလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Source: SciTechDaily.