#World_Science
Published 26 March 2026
■ မကြာသေးမီ လေ့လာချက်တစ်ခုအရ တရားထိုင်နည်းပုံစံအမျိုးမျိုးကနေ ဦးနှောက်လှိုင်းတွေရဲ့ ဖွဲ့စည်းမှုပုံစံတွေ၊ နောက်ခံဆူညံသံ ပြောင်းလဲမှုကြီးတွေ ဖြစ်စေတာကို တွေ့ရှိထားပါတယ်။
■ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ဦးနှောက်တွေကို ဓာတ်မှန်ရိုက်ခဲ့ရာမှာ တရားထိုင်ခြင်း အခြေအနေကြောင့် ဦးနှောက်လှုပ်ရှားနိုင်စွမ်း ပိုမိုမြင့်မားလာကာ ယခင်လှုပ်ရှားပုံတွေနဲ့ သိပ်မတူတော့ပါဘူး။
■ ဦးနှောက်ဓာတ်မှန်ရိုက် ကိရိယာတွေဖြင့် တရားထိုင်စဉ်အတွင်း လှုပ်ရှားသွားတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
■ ဒီဖြစ်စဉ်တွေက စိတ်အခြေအနေတွေကနေ သတိအသိစိတ် ပြောင်းလဲစေတဲ့အကြောင်း သုတေသီတွေ နားလည်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။
■ သမထကျင့်စဉ်ဆိုရင် အကြောင်းအရာတစ်ခုထဲကို အာရုံစူးစိုက်ရတာဖြစ်ပြီး ဝိပဿနာကျင့်စဉ်ကတော့ ဝင်လာသမျှ အတွေးတွေ အာရုံခံစားမှုတွေကို ဖြစ်ပျက်သဘောရှုရတဲ့ နည်းလမ်းဖြစ်ပါတယ်။
■ သုတေသီတွေက MEG နည်းပညာဖြင့် ဦးနှောက်လှုပ်ရှားမှုကို တိုင်းတာကာ တရားထိုင်စဉ်အတွင်း စည်းချက်ညီဂမ်မာလှိုင်းတွေ လျော့နည်းသွားတာ တွေ့ရပါတယ်။
■ တရားထိုင်ခြင်းက ဦးနှောက်အချက်ပြလုပ်ဆောင်ချက်တွေ တိုးတက်စေပြီး စိတ်အခြေအနေ သဟဇာတပိုဖြစ်စေနိုင်တာကို တွေ့ရပါတယ်။
■ ဝါရင့်ဘုန်းကြီးတွေရဲ့ ဦးနှောက်တွေက တရားထိုင်စဉ်မှာ ဦးနှောက်ရွေ့လျားမှုကို တွေ့ရပြီး အနားယူစဉ်အခြေအနေတွေရဲ့ ဆင်တူကာ ရေရှည်ကျင့်ကြံပါက အခြေခံဦးနှောက်အပြုအမူ ပြောင်းလဲစေနိုင်ပါတယ်။
■ ဒီလေ့လာချက်က လူအနည်းစုသာ ပါဝင်ပြီး နှိုင်းယှဉ်ခံလူတွေလည်း မပါဝင်ပါဘူး။
■ ဒါပေမဲ့ အနာဂတ်မှာ စိတ်ကျန်းမာရေး အခြေအနေတွေအတွက် တရားထိုင်နည်းလမ်းတွေ ရှာဖွေလာနိုင်မယ်လို့ ယူဆနေကြပါတယ်။
Source: PsyPost