#World_News
Published 13 October 2026

■ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့လေဆိပ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လေးကြိမ်မက တိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး လူ ၁၈ ယောက်  သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

■ သေဆုံးဒဏ်ရာရမှုတွေမဖြစ်ခင် အစိုးရရဲ့ အရေးပေါ်သတိပေးစနစ်ကနေ ပြည်သူတွေကို ဘာသတိပေးချက်မှ ထုတ်ပြန်မပေးခဲ့ပါဘူး။

■ အစိုးရဘက်ကလည်း ဘာလို့သတိပေးချက် မထုတ်ခဲ့ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားခြင်း မရှိသေးပါဘူး။

■ စစ်ပွဲဖြစ်နေပေမဲ့လည်း နိုင်ငံအတွင်း ပုံမှန်အတိုင်း အေးအေးချမ်းချမ်း ရှိနေတယ်ဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာကို ပြချင်တာကြောင့် အခုလိုသတိပေးချက်မထုတ်ဘဲ ထားတာလို့ ပညာရှင်တွေနဲ့ အနောက်နိုင်ငံအရာရှိတွေကသုံးသပ်ကြပါတယ်။

■ မဟာမိတ်အနောက်နိုင်ငံအရာရှိတွေက ဘာလို့သတိပေးချက် မထုတ်တော့တာလဲလို့ မေးမြန်းခဲ့ရာမှာ ဆော်ဒီဘက်က "အသံတွေက အနှောင့်အယှက်ဖြစ်လွန်းလို့နဲ့ ညဘက်ပြည်သူတွေ အိပ်ရေးပျက်တယ်ဆိုပြီး တိုင်ကြားတာတွေရှိလို့" ဆိုပြီးပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

■ အစိုးရက ပြည်သူတွေကို သတိပေးချက်မထုတ်ခဲ့ပေမဲ့ အနောက်နိုင်ငံသံရုံးတွေကတော့ တိုက်ခိုက်မှုတွေ မဖြစ်ခင် လျှို့ဝှက်သတင်းအချက်အလက်တွေကိုသုံးပြီး သူတို့ဝန်ထမ်းတွေကို သီးသန့်သတိပေးချက်တွေ ထုတ်ပြန်ပေးခဲ့ကြပါတယ်။

■ ဒါပေမဲ့ အသေအပျောက်များခဲ့တဲ့ စနေနေ့ လေဆိပ်တိုက်ခိုက်မှုမှာတော့ သံရုံးတွေလည်း ကြိုတင်သတိပေးချက်မရရှိခဲ့ပါဘူး။

Source-Reuters