#World_Science
Published 1 Sept 2025
▪️ လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က အေးခဲထားခဲ့တဲ့ သန္ဓေသားဟာ အိုဟိုင်ယိုမှ စုံတွဲတစ်တွဲထံမှာ မွေးဖွားခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။
▪️ ဒါဟာ အချိန်ကာလအကြာရှည်ဆုံး အေးခဲထားတဲ့ သန္ဓေသားကနေ ကလေးတစ်ယောက် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ သားယောက်ျားလေးကို သဲဒီးယပ်စ်ဒန်နီယယ်ပီယာ့စ်လို့ နာမည်ပေးထားပြီး အသက် ၃၅ နှစ်အရွယ်မိခင် လင်ဆေးနဲ့ အသက် ၃၄ နှစ်အရွယ်ဖခင် တင်မ်ပီယာ့စ်တို့မှ မွေးဖွားခဲ့တာပါ။
▪️ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲကလိုမျိုး ခံစားရတယ်လို့ လင်ဆေးက ပြောပြသွားပါတယ်။
▪️ ဒါဟာ ၁၉၉၂ မှာ အေးခဲထားခဲ့တဲ့ သန္ဓေသားတွေကနေ ၂၀၂၂ မှာ အမွှားမွေးဖွားခဲ့တဲ့စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အသက် ၆၂ နှစ်ရှိ လင်ဒါအာချတ်ဒ်နဲ့ ခင်ပွန်းဟောင်းတို့က ၁၉၉၄ မှာ ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် သန္ဓေသား ၄ ခု အေးခဲထားခဲ့ရာမှာ သဲဒီးယပ်စ်က ထိုတစ်ခုထဲကနေ မွေးလာတာဖြစ်ပါတယ်။
▪️ အာချတ်ဒ်က ခရစ်ယာန်သန္ဓေမွေးစားအေဂျင်စီကို သန္ဓေသားတွေပေးခဲ့ပြီး သန္ဓေသားပိုင်ရှင်တွေက လိုချင်သူများကို ရွေးချယ်ခွင့်ပေးထားပါတယ်။
ထိုအခါမှာ အာချတ်ဒ်က လူဖြူလူမျိုး၊ အမေရိကန်မှာနေထိုင်တဲ့ ခရစ်ယာန်စုံတွဲတစ်တွဲကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
Source: The Jerusalem Post.