#World_Health
Published 28 December 2025

■ အက်စ်ပါတမီ၊ ဆူခရယ်လို့စ်နဲ့ အမျိုးမျိုးသော သကြားအယ်ကိုဟောတို့လို အချိုဓာတ်ပစ္စည်းတွေက သန့်စင်သကြားပါတဲ့ အစားအစာတွေထက် ကျန်းမာရေးပိုသင့်တော်မယ်လို့ ယူဆကြပါတယ်။

■ ဒါပေမဲ့ သကြားအယ်ကိုဟော ဆော်ဘီတိုလ်ဟာ အများယူဆထားသလို ဘေးအန္တရာယ်မရှိတာမျိုး မဟုတ်ဘူးလို့ သုတေသနအသစ်မှာ တွေ့ရှိလာပါတယ်။

■ ဖရပ်တို့စ်ဟာ အသည်းနဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်လိုသက်ရောက်စေသလဲဆိုတာ ဝါရှင်တန်တက္ကသိုလ် ဂယ်ရီပက်တီဓာတ်ခွဲခန်းမှ လေ့လာဖော်ပြထားပါတယ်။

■ အသည်းထဲက ဖရပ်တို့စ်တွေက ကင်ဆာဆဲလ်တွေ ကြီးထွားစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

■ ဆော်ဘီတိုလ်က အူထဲက အင်ဇိုင်းတွေကနေ ထုတ်လုပ်ပြီး အသည်းသို့ရောက်တာနဲ့ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။

■ စားပြီးသောက်ပြီးနောက်မှာ ဂလူးကို့စ်ကနေ ဆော်ဘီတိုလ်ကို အူထဲမှာ သဘာဝအတိုင်း ထုတ်လုပ်ပေးပါတယ်။

■ ဆော်ဘီတိုလ်ကနေ ဇီဝဖြစ်စဉ်လမ်းကြောင်းအမျိုးမျိုးကနေ ဖရပ်တို့စ် ထုတ်လုပ်နိုင်ပြီး အစားအစာ၊ အူလမ်းကြောင်း ဘက်တီးရီးယားတို့ကလည်း သက်ရောက်နေပါတယ်။

■ ဆော်ဘီတိုလ်ဟာ ဖရပ်တို့စ်မဖြစ်ခင် တစ်ဆင့်သာလိုအပ်ပြီး အသည်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့မှာ အလားတူ သက်ရောက်စေနိုင်ပါတယ်။

■ အူလမ်းကြောင်း ဘက်တီးရီးယားတွေ လုပ်ဆောင်နိုင်တာထက် ဆော်ဘီတိုလ်ပမာဏ များပြားသွားတဲ့အခါ ပြဿနာတွေ ဖြစ်လာနိုင်ပြီး အသည်းထဲမှာ ဖရပ်တို့စ်အဖြစ်သို့ ပြောင်းလဲစေပါတယ်။

■ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါ ရှိသူတွေအတွက် သကြားအစားထိုးပစ္စည်းတွေရဲ့ ဘေးကင်းစိတ်ချရမှုက မေးခွန်းထုတ်စရာဖြစ်လာပြီး နောက်ထပ်သုတေသနများ ပြုလုပ်ဖို့ လိုအပ်လာတာကို မြင်နေရပါတယ်။

Source: SciTechDaily