#World_Health
Published 18 June 2026

■ အသားအရေ ထိန်းသိမ်းပစ္စည်းတွေ သုံးဖူးတယ်၊ ကိုယ်တိုင်လုပ်နည်းတွေလည်း စမ်းဖူးတယ်၊ ရေမှန်မှန်သောက်တယ်၊ ဒါပေမဲ့ အသားအရေက မှိုင်းညိုနေတုန်းပဲလား။

■ ယခုခေတ် လူနေမှုပုံစံထဲမှာ အာဟာရမပြည့်ဝတာ၊ စိတ်ဖိစီးတာ၊ အနားယူမှု မလုံလောက်တာ၊ သွေးတွင်းသကြားဓာတ် မမျှတတာ၊ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေက သဘာဝအတိုင်း အသားအရေတောက်ပမှုကို မှေးမှိန်သွားစေပါတယ်။

■ အလှကုန်ပစ္စည်းတွေက အရေပြားအပြင်ဘက်ကို လိမ်းခြယ်တာဖြစ်ပြီး တကယ့်အရေပြားကတော့ အာဟာရဓာတ်တွေအပေါ် မူတည်ကာ မှန်ကန်တဲ့စားစရာတွေက အာဟာရဓာတ်တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

■ အသားအရေ ထိုင်းမှိုင်းခြင်းက အာဟာရချို့တဲ့ခြင်း၊ စိတ်ဖိစီးခြင်း၊ ရောင်ရမ်းခြင်းစတဲ့ ကိုယ်တွင်းပြဿနာတွေနဲ့ ဆက်စပ်နေပြီး ညီညွတ်မျှတတဲ့ အစားအစာတွေ အာဟာရဓာတ်တွေက အသားအရေ တောက်ပဖို့အတွက် အရေးပါတယ်လို့ အာဟာရပညာရှင် လော့ဗ်နိဘာထရာက ပြောပါတယ်။

■ ပရိုတိန်း - အရေပြားပြုပြင်ခြင်းမှာ ပါဝင်ပြီး ဥ၊ ဒိန်ချဉ်တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

■ ကောင်းကျိုးပြုအဆီများ - သစ်ကြားသီး၊ ဗာဒံသီး၊ ချီယာစေ့၊ ထောပတ်သီးတို့မှာ အဆိုပါအဆီများ ပါဝင်ပြီး အရေပြားတင်းရင်းခြင်းနဲ့ ရေဓာတ်တို့ကို ကူညီပေးပါတယ်။

■ ဗိုက်တာမင်များ - ဗိုက်တာမင်စီက ကော်လာဂျင်ထုတ်လုပ်ပေးပြီး အရေပြားတောက်ပစေကာ အသီးအနှံအချို့မှာ ပါဝင်ပါတယ်။

■ သတ္တုဓာတ်များ - သံဓာတ်၊ ဇင့်တို့က အရေပြားကျန်းမာရေးနဲ့ ပြန်လည်ကုစားခြင်းတို့ကို ကူညီပေးပြီး ဖရုံစေ့၊ ဟင်းနုနွယ်၊ နှမ်းစေ့၊ သကြားမုန်လာတို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

■ အိုမီဂါ(၃)ဖက်တီးအက်ဆစ် - ရောင်ရမ်းခြင်းလျှော့ချပေးကာ အရေပြားအကာအကွယ်ကို ကူညီပေးပြီး အဆီပါသောငါးများ၊ ချီယာစေ့၊ လျှော်စေ့၊ သစ်ကြားသီးတို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ - ဓာတ်တိုးခြင်းကို ဆန့်ကျင်ပြီး အသားအရေ ရင့်ရော်ခြင်းကို နှေးစေကာ ချောကလက်၊ ဘယ်ရီသီးများ၊ လက်ဖက်စိမ်း၊ သလဲသီးတို့မှာ ပါဝင်ပါတယ်။

Source: NDTV