#World_Science
Published 27 June 2026
■ ဇွန်လ ၂၇ ရက်နေ့မှာ အရွယ်အစား တစ်ကီလိုမီတာနီးပါး၊ ပေ ၃,၃၀၀ ခန့်ရှိတဲ့ ဂြိုဟ်မွှားတစ်ခု ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားရန် ရှိနေပါတယ်။
■ ဒီလောက်ကြီးမားတဲ့ ဂြိုဟ်မွှားတစ်ခု ကမ္ဘာမြေအနီး ကပ်ပျံလာခြင်းမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
■ ဒီဂြိုဟ်မွှားကို 1997 NC1 လို့ အမည်ပေးထားပြီး တစ်နာရီကို ၃၂,၀၀၀ ကီလိုမီတာနှုန်းဖြင့် သွားနေကာ ဟာဝိုင်အီကျွန်း ဟာလီအာကာလာရှိ Near-Earth Asteroid Tracking စနစ်ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
■ ကမ္ဘာမြေအနီး ဒီလောက်ကြီးမားတဲ့ကျောက်တုံးကြီး နောက်ဆုံးဖြတ်သွားတုန်းက ၂၀၂၂ ဇန်နဝါရီက ဖြစ်ပြီး 1994 PC1 ဂြိုဟ်မွှားက ၁.၉၈ သန်းကီလိုမီတာအကွာကနေ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
■ ၂၀၁၃ ခုနှစ် ၊ 1997 NC1 ဂြိုဟ်မွှားထက် အဆ ၅၀-၆၀ လောက်သေးငယ်တဲ့ ဥက္ကာခဲတစ်ခု ရုရှားသို့ ကျရောက်ပေါက်ကွဲစဉ်က မြို့ ၆ မြို့မှာ ပြတင်းပေါက်တွေ ကွဲအက်တဲ့အထိ သက်ရောက်မှုပြင်းထန်ခဲ့ပါတယ်။
■ လွင့်စင်လာတဲ့ ဖန်စတွေကြောင့် အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
■ 1997 NC1 ဂြိုဟ်မွှားကို တွေ့ချင်ရင် အနည်းဆုံး အချင်း ၆ လက်မရှိတဲ့ တယ်လီစကုပ် လိုအပ်မှာဖြစ်ပြီး ကြယ်လိုမျိုး မြင်ရမှာတော့ မဟုတ်ဘဲ ကြယ်မှိန်တစ်ခုလိုမျိုးသာ မြင်ရနိုင်ပါတယ်။
■ ဒီဂြိုဟ်မွှားသာ ကမ္ဘာကိုဝင်တိုက်ခဲ့ရင် လေထုကို ထိခိုက်စေမှာဖြစ်ပြီး မြေပြင်မှာ ၁.၆ ကီလိုမီတာအထိနက်ပြီး အဝ ၁၀-၁၅ ကီလိုမီတာလောက်ကျယ်တဲ့ ကြွင်းဝကြီး ဖြစ်လာနိုင်ပါတယ်။
■ ကျရောက်ရာနေရာနားက အဆောက်အအုံတွေ ကြေမွသွားနိုင်ပြီး ကီလိုမီတာရာနဲ့ချီလောက်မှ မြေပြင်တွေ ပျက်သုဉ်းသွားနိုင်ပါတယ်။
■ သက်ရောက်ပြီးနောက် ကျောက်တုံးတွေ ဖုန်မှုန့်တွေကြောင့် လနဲ့ချီအောင် နေရောင်ပျောက်ကွယ်နိုင်ပါတယ်။
Source: WION