#World_Technology
Published 15 December 2025

■ ရှန်ဟိုင်းမှာပြုလုပ်တဲ့ နိုင်ငံတကာဉာဏ်ရည်တုထည့်သွင်းပြိုင်ပွဲနဲ့ ၂၀၂၅ ကမ္ဘာလုံးဆိုင်ရာ တီထွင်ထုတ်လုပ်သူများ အစည်းအဝေးပွဲမှာ စက်ရုပ်တွေရဲ့ လက်တွေ့အသုံးချစွမ်းရည်များကို ကဏ္ဍအသီးသီးမှာ စမ်းသပ်ခဲ့ကြပါတယ်။

■ စက်မှုထုတ်လုပ်ရေးကစလို့ လူမှုဝန်ဆောင်မှုများ၊ အိမ်တွင်းထောက်ကူမှု၊ အရေးပေါ်ကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လက်မှုပညာစွမ်းဆောင်မှုတို့အထိ ပါဝင်ပါတယ်။

■ ဒီပွဲမှာ လက်တွေ့ဖြစ်ရပ်များအတွင်း လူသားပုံသဏ္ဍာန် စက်ရုပ်များကို အသုံးချဖို့ဖြစ်ပြီး နိုင်ငံတကာမှ AI စက်ရုပ်အဖွဲ့ ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်တာကို လူအများစိတ်ဝင်စားခဲ့ပါတယ်။

■ ၃ ရက်တာပြုလုပ်တဲ့ပွဲမှာ ပြိုင်ကွင်းလမ်းကြောင်း ၆ ခုနဲ့ စိန်ခေါ်မှု ၈ မျိုး၊ ပြိုင်ပွဲငယ် ၁၉ မျိုး ပါဝင်ပါတယ်။

■ အရေးပေါ်ကယ်ဆယ်ရေးပြိုင်ပွဲမှာဆိုရင် အန္တရာယ်များတဲ့ ပတ်ဝန်းကျင်ထဲမှာ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ ရှုပ်ထွေးတဲ့ အတားအဆီးများကို လမ်းညွှန်ပြခြင်း၊ အဆောက်အဦပေါ် တက်ခြင်း စတဲ့စွမ်းရည်တွေ ပြသခဲ့ပါတယ်။

■ အမှတ်ပေးတဲ့အခါ ဝန်သယ်ဆောင်နိုင်စွမ်းနဲ့ အချိန်ဘယ်လောက်ကုန်လဲ ဆိုတာတွေကို ထည့်သွင်းစဉ်းစားကြောင်း၊ အနာဂတ် ဉာဏ်ရည်တုကဏ္ဍဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေမှာ လုပ်ငန်းဆောင်တာတွေ ကူညီလုပ်ဆောင်နိုင်ဖို့ဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးပြိုင်ပွဲ ဒိုင်လူကြီးတစ်ဦးက ဆိုပါတယ်။

■ ဒီပွဲတွေဟာ စက်ရုပ်ထိန်းချုပ်နိုင်စွမ်းသာမက ဉာဏ်ရည်တုစီစဉ်ခြင်း၊ ရေရှည်တည်တံ့မှုရှိခြင်း၊ ရုတ်တရက်အခက်အခဲကို ဖြေရှင်းနိုငခြင်းတို့ကိုပါ ထည့်သွင်းစဉ်းစားထားပါတယ်။

■ စက်ရုပ်တွေကို ကဏ္ဍအသီးသီးမှာ အသုံးချနိုင်ဖို့အတွက် ပြိုင်ပွဲအမျိုးမျိုးကိုလည်း စီစဉ်နေပြီဖြစ်ပါတယ်။