#World_Health
Published 16 December 2025

■ ခန္ဓာကိုယ်ထဲ ရေစုပ်ယူခြင်းဖြစ်စဉ်က ရေသောက်ပြီးလို့ မိနစ်ပိုင်းအတွင်း စတင်ကာ အစာခြေစနစ်ကနေ ဖြတ်သန်းပြီး သွေးစီးဆင်းလမ်းကြောင်းထဲ ဝင်ရောက်ပြီးနောက် ဆဲလ်တွေဆီ ရောက်ရှိတယ်လို့ ကျန်းမာရေးပညာရှင် ပြောပါတယ်။

■ အစာအိမ် အစာမရှိတဲ့အခြေအနေ၊ ရေအပူချိန်နဲ့ ဘာစားလဲဆိုတာတွေက ခန္ဓာကိုယ်က အရည်တွေကို ဘယ်လောက်အထိ စုပ်ယူနိုင်လဲဆိုတာ သက်ရောက်မှုရှိစေပါတယ်။

■ ရေဓာတ်ဖြည့်ခြင်းရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်းဖြင့် အကောင်းဆုံး ရေဓာတ်ရရှိဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိလာနိုင်ပါတယ်။

■ ရေသောက်ပြီးတဲ့အခါ ၅ မိနစ် ၁၀ မိနစ်အတွင်း သွေးထဲသို့ ရေရောက်ရှိကာ တစ်ရှူးတွေ၊ အင်္ဂါတွေ၊ ဆဲလ်တွေထဲသို့ မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း ရောက်ရှိပြီး ရေဓာတ်ဖြည့်ပေးတယ်လို့ အာဟာရပညာရှင် ဒီပီကာရှာမာက ပြောပါတယ်။

■ အစာအိမ်ထဲ အစာမရှိတဲ့အခါ ရေလျင်မြန်စွာ စီးဆင်းပြီး ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ဂလူးကို့စ်တို့လို အီလက်ထရိုလိုက်တွေက ရေကိုထိန်းသိမ်းစေပါတယ်။

■ ကိုယ်လက်လှုပ်ရှားတဲ့အခါ ခန္ဓာကိုယ်က ရေအစားထိုးဖို့လိုတာကြောင့် ရေစုပ်ယူမှု မြန်ဆန်စေပါတယ်။

■ တစ်နေ့တာအတွင်း ရေကိုနည်းနည်းစီ ခဏခဏသောက်ခြင်းက တစ်ကျိုက်တည်း အများကြီးသောက်တာထက် ပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

■ စားသုံးတဲ့ အစားအစာနဲ့ ရေတွေကလည်း ရေဓာတ်ဖြည့်ခြင်းကို သက်ရောက်နိုင်ကာ အသီးများ၊ စွပ်ပြုတ်များ၊ ယမကာတွေက ရေဓာတ်ဖြည့်တင်းစေပေမယ့် အယ်ကိုဟော၊ ကဖင်းဓာတ်၊ အငန်စာ အချိုစာတွေကတော့ ဆီးသွားစေပြီး ဆဲလ်တွေထဲကနေ ရေကိုဆွဲထုတ်ပေးကာ ရေဓာတ်ဖြည့်တင်းမှုကို နှောင့်နှေးစေပါတယ်။

Source: Indian Express.