#World_Health
Published 10 September 2025
▪️ မှတ်ဉာဏ်တွေ မေ့တတ်တာဟာ အသက်အရွယ်ကြီးလာတာနဲ့တင် မဟုတ်ဘဲ အချို့သော ဆေးဝါးများ၊ အိပ်ရေးပျက်ခြင်း၊ သံဓာတ်ချို့တဲ့ခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဘီ၁၂၊ ဗိုက်တာမင်-ဒီ၊ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ အိုမီဂါ-၃၊ မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဘီ၁ ချို့တဲ့ခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ ဦးနှောက်အသိဉာဏ် ထိခိုက်လာခြင်း၊ ဒီမန်ရှာဖြစ်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ အစားအစာထဲမှာ အိုင်အိုဒင်းချို့တဲ့လို့ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့အခါ သေချာမကုသရင် အသိဉာဏ်လုပ်ဆောင်ချက် ထိခိုက်နိုင်ပါတယ်။
▪️ ရေဓာတ် ၂ ရာခိုင်နှုန်းလောက် ခန်းခြောက်လျှင်ပင် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စိတ်အခြေအနေတို့ကို ခဏတာ ထိခိုက်စေပါတယ်။
▪️ အယ်ကိုဟော ကာလကြာရှည်သောက်သုံးရင် ဦးနှောက်ထုထည် ကျဆင်းနိုင်ပါတယ်။
▪️ ဘင်ဇိုဒိုင်ယာဇီပင်ကဲ့သို့ အိပ်ဆေးတွေ၊ စိတ်ပူပန်မှုအတွက် သောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ ကြာရှည်စွဲသုံးရင် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ တုံ့ပြန်မှုနှုန်း ကျဆင်းနိုင်ပါတယ်။
▪️ ကြာရှည်အိပ်ရေးပျက်ခြင်း၊ မကြာခဏနိုးခြင်း၊ ဟောက်ခြင်း၊ ဖိစီးမှုများခြင်း၊ စိတ်ရောကိုယ်ပါ နွမ်းနယ်ခြင်း၊ အလွန်အကျွံတွေးတောရခြင်း၊ ပုံမှန်လှုပ်ရှားမှုမရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်အားပေးမှုမရှိခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ စီးကရက်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ လူမှုပေါင်းသင်းရေးမရှိခြင်း၊ သဘာဝနဲ့မထိတွေ့ခြင်း စတာတွေကလည်း မှတ်ဉာဏ်ပိုင်း၊ အာရုံစူးစိုက်မှုပိုင်းတို့ ထိခိုက်စေကာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မပြုလုပ်နိုင်ခြင်း၊ မမှတ်မိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
Source: The Jerusalem Post.