#World_Science
Published 10 September 2025

▪️ အန္တာတိကမှာ ပြန်မရနိုင်တဲ့ ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေတယ်လို့ သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။

▪️ ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ ဒီပြောင်းလဲမှုတွေဟာ နောက်မျိုးဆက်တွေတိုင်အောင် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

▪️ ကမ္ဘာ့တောင်ဝင်ရိုးစွန်းမှ အေးခဲနေတဲ့ အန္တာတိကတိုက်ဟာ လက်ရှိအတိုင်းဆိုရင် အာတိတ်ထက်စောပြီး ရေခဲတွေပျော်လာနိုင်တဲ့သဘော ဖြစ်ပါတယ်။

▪️ ထိုနေရာတွေမှာ အလျင်အမြန်ပူနွေးလာကာ ပင်လယ်မျိုးစိတ်များ မျိုးသုဉ်းလာစေနိုင်ပါတယ်။

▪️ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချနိုင်ရင် အန္တာတိကမှာ ပြောင်းလဲမှုကြီးတွေ လျော့နည်းနိုင်ပေမယ့် ကာကွယ်နိုင်ဖွယ်တော့ မရှိပါဘူး။

▪️ ရာသီဥတု တည်ငြိမ်ရင်တောင် လာမယ့်ရာစုနှစ်တွေမှာ ရေခဲပင်လယ်အရည်ပျော်လာနိုင်ကြောင်း ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ ပရော်ဖက်ဆာဟောင်း နယ်ရီလီအေဘရမ်က ပြောပါတယ်။

▪️ သုတေသီတွေက စောင့်ကြည့်ချက်များ၊ ရေခဲအူတိုင်များမှ အချက်အလက်များ စုဆောင်းကာ ရေခဲပင်လယ်မှာ ရေရှည်ပြောင်းလဲမှုတွေကို တွက်ချက်နေကြပါတယ်။

▪️ ရာသီဥတုနဲ့ ဂေဟစနစ် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်လာနိုင်ကာ သမုဒ္ဒရာကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူနိုင်စွမ်း ကျဆင်းလာနိုင်ပါတယ်။

▪️ ၂၀၁၄ နောက်ပိုင်း ပင်လယ်ရေခဲတွေဟာ အန္တာတိကကမ်းခြေမှ ၁၂၀ ကီလိုမီတာခန့် နောက်ဆုတ်လာပါတယ်။

▪️ ရေခဲဆုံးရှုံးလာခြင်းက ပင်လယ်နေသတ္တဝါတွေအပေါ် အန္တရာယ်ပြုခြိမ်းခြောက်နေပါတယ်။

Source: DW.