#World_Health

Published 06 August 2025

▪️ အချိန်အပိုင်းအခြားအလိုက် အစားမစားဘဲနေခြင်းက ဝိတ်ချခြင်းနဲ့ ကျန်းမာရေးတိုးတက်မှုအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဗြိတိသျှဆေးဂျာနယ် (BMJ)မှာ ဖော်ပြထားပါတယ်။

▪️ နိုင်ငံ ၂၄ နိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေ့လာချက် ၁၀၀ ကို ဆန်းစစ်ခဲ့ရာမှာ အချိန်တစ်ခုအထိ အစားမစားခြင်းက နည်းနည်းစီစားခြင်းလိုမျိုး သမားရိုးကျစားသောက်ပုံတွေနဲ့ အကျိုးကျေးဇူး တူညီစွာပေးနိုင်တယ်လို့ တွေ့ရှိပါတယ်။

▪️ ဒီနည်းလမ်းက ဝိတ်ချဖို့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိတယ်လို့လည်း အသိအမှတ်ပြုကြကာ လူအတော်များများ ကျင့်သုံးလာကြပါတယ်။
ဘယ်လိုအစားအစာမျိုး စားတယ်ဆိုတာထက် ဘယ်အချိန်စားလဲဆိုတာကို အဓိကထားတာ ဖြစ်ပါတယ်။

▪️ အချိန်အပိုင်းအခြားအလိုက် အစားမစားတဲ့နည်းလမ်းတွေ အမျိုးမျိုးရှိကာ ၁၆း၈ နည်းလမ်းဆိုရင် ၁၆ နာရီအစားမစားဘဲ ကျန်တဲ့ ၈ နာရီအတွင်းသာ စားသောက်ရပါတယ်။

▪️ ၅း၂ နည်းလမ်းကတော့ တစ်ပတ်ကို ၅ ရက် ပုံမှန်အတိုင်းစားကာ ဆက်တိုက်မဟုတ်တဲ့ ၂ ရက်ကိုကယ်လိုရီ သိသိသာသာ လျှော့ချစားသုံးရတာ ဖြစ်ပါတယ်။

▪️ တစ်ရက်ခြားတစ်ခါ အစာဖြတ်ခြင်းနည်းလမ်းကတော့ ကျန်တဲ့နည်းလမ်းတွေထက် ပိုပြီးရလဒ်ကောင်းမွန်တဲ့သဘော တွေ့ရပါတယ်။

▪️ ဒီနည်းလမ်းကျင့်သုံးတဲ့ စမ်းသပ်ခံသူတွေဟာ သာမန်အတိုင်းစားသောက်သူတွေထက် ပျမ်းမျှအားဖြင့် ၃.၄ ကီလိုဂရမ် ပိုပြီးကိုယ်အလေးချိန် လျော့ကျခဲ့ပါတယ်။

▪️ အချိန်တစ်ခုအထိ အစားမစားခြင်းနည်းလမ်းကို အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ကျင့်သုံးသင့်ပြီး အွန်လိုင်းနာမည်ကျော်တွေ ပြောရုံနဲ့တော့ လိုက်မလုပ်သင့်ဘူးလို့ အာဟာရပညာရှင် လော်ရာဆန်းချက်ဇ်က ပြောပါတယ်။

Source: The Jerusalem Post