#World_Health
Published 29 May 2026

■ သခွားသီးစားခြင်းဖြင့် ရေဓာတ်ဖြည့်ပေးနိုင်တယ် ဆိုပေမယ့် ညဘက်စားရင်တော့ လေပွခြင်းနဲ့ အက်ဆစ်ဓာတ်များခြင်းတို့ ဖြစ်လာနိုင်ပြီး အစာခြေမှုနှောင့်နှေးစေနိုင်ပါတယ်။

■ အစာမကြေခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတို့ မဖြစ်စေရန် အစာအိမ်မကောင်းတဲ့သူတွေမှာ ညနောက်ကျမှ သခွားသီးစားခြင်း ရှောင်ရှားသင့်တယ်လို့ သုတေသနမှာ အကြံပြုထားပါတယ်။

■ သခွားသီးက ရေဓာတ်မြင့်မားစွာပါဝင်ပြီး အစာခြေဖို့လိုအပ်တဲ့ အစာခြေရည်တွေကို အာနိသင်လျော့ကျသွားစေတဲ့အပြင် အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ညဘက်မှာ အစာခြေဖို့ ခက်ခဲစေပါတယ်။

■ ခန္ဓာကိုယ် နေ့ညလည်ပတ်စက်ဝန်းအရ အစာခြေစနစ်က ညဘက်ဆိုရင် နှေးသွားပြီး ဇီဝကမ္မဖြစ်စဉ်နဲ့ အက်ဆစ်ထုတ်လွှတ်မှု ကျဆင်းသွားကာ အစာမကြေခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

■ အက်ဆစ်အချဉ်လျှံတက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ဝမ်းဗိုက်မကောင်းခြင်း စတာတွေ ခံစားရသူတွေအပြင် အသက်ကြီးသူတွေဟာ ညဘက် သခွားသီးစားပြီး အစာမကြေခြင်းကို ပိုမိုခံစားရနိုင်ခြေ များပါတယ်။

■ အစာမကြေခြင်း မဖြစ်စေဖို့ ထမင်းစားသုံးစဉ် နေ့ဘက်မှာ သခွားသီးကို အတန်အသင့်စားသင့်ပြီး အစာကြေစေဖို့အတွက်ဆိုရင် အခြားအစားအစာတွေနဲ့ တွဲဖက်သင့်ပါတယ်။

■ နေ့ဘက်မှာ အစာခြေအင်ဇိုင်းတွေ အမြင့်ဆုံးရှိတဲ့အချိန် စားပေးသင့်ပါတယ်။

■ တစ်ခါစားရင် ပမာဏအနည်းငယ်စားပေးပြီး အက်ဆစ်ဓာတ် လျော့ကျစေရန် ဟင်းခတ်အမွှေးအကြိုင် ထည့်နိုင်ပါတယ်။

■ လေပွခြင်း၊ အစာအိမ်အောင့်ခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့လို ညဘက်အစာမကြေ လက္ခဏာတွေ အမြဲဖြစ်နေရင်တော့ ဆေးကုသမှုခံယူသင့်ပါပြီ။

Source: NDTV