#World_Health
Published 19 February 2026
■ အိမ်မှာ သွေးပေါင်ချိန်တိုင်းတော့ ပုံမှန်ပဲဖြစ်နေပြီး ဆေးခန်းရောက်တော့မှ သွေးပေါင်ချိန်တက်နေတာမျိုး ဖြစ်တတ်ပါသလား။
■ ဂလင်းအီးဂဲဆေးရုံမှ ဒေါက်တာ ရာဟူဂူ့ပ်တာက ဒါကို ဆေးရုံသွေးတိုးခြင်းလို့ သတ်မှတ်ပါတယ်။
■ လူတွေက ဆေးရုံသွားတဲ့အခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းတို့ ခံစားရတဲ့အပြင် ဆေးစစ်ခြင်း၊ စောင့်ဆိုင်းခြင်း၊ ဆရာဝန်နဲ့တွေ့ခြင်းတို့မှာပင် ယာယီ သွေးပေါင်ချိန် မြင့်တက်တတ်ပါတယ်။
■ စိုးရိမ်ပူပန်တဲ့အခါ ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး နှလုံးခုန်မြန်စေကာ သွေးကြောတွေ ကျဉ်းလာတဲ့အတွက် သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်တာ ဖြစ်ပါတယ်။
■ စစ်ဆေးချက်တွေအပေါ် စိုးရိမ်ခြင်း၊ မရင်းနှီးတဲ့နေရာ ရောက်နေခြင်း၊ ယခင်ကျန်းမာရေးအကြောင်းတွေ ပြန်စဉ်းစားမိခြင်းတို့ဖြင့် ဖိစီးမှုဟော်မုန်းတွေ ထွက်လာစေပါတယ်။
■ ဒီအတွက် စိတ်ချရတဲ့ ဒီဂျစ်တယ်သွေးပေါင်ချိန်စက်ဖြင့် ပုံမှန်တိုင်းပေးသင့်ပါတယ်။
■ မတိုင်းခင် ၅ မိနစ်အလို ငြိမ်သက်စွာ ထိုင်နေရမှာဖြစ်သလို မတိုင်းခင် မိနစ် ၃၀ အတွင်း လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ လေ့ကျင့်ခန်းတို့ ရှောင်ရှားရပါမယ်။
■ အိမ်မှာတိုင်းတဲ့ သွေးပေါင်ချိန်ရလဒ်တွေကို ဆရာဝန်နဲ့ တိုင်ပင်မယ်ဆိုရင် မှန်ကန်တဲ့ ရောဂါသုံးသပ်ချက် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ ဖိစီးမှုထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆားလျှော့စားခြင်း၊ ကောင်းစွာအိပ်စက်ခြင်းတို့ဖြင့် သွေးပေါင်ချိန် ထိန်းသိမ်းနိုင်စေမှာပါ။
■ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းအတာအတွင်း ဖြစ်နေအောင် ထိန်းသိမ်းရမယ်လို့ ဒေါက်တာဂူ့ပ်တာက ပြောသွားပါတယ်။
Source: Indian Express.