#World_News
Published 13 August 2025

▪️ ဆွစ်ဇာလန်နဲ့ အိန္ဒိယအပါအဝင် အကြီးအစားကုန်သွယ်ရေး သဘောတူညီချက်အများအပြားဟာ ပြီးစီးရန်စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

▪️ ဒါပေမဲ့ တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယကတော့ အမေရိကန်နဲ့ဆွေးနွေးရာမှာ အနည်းငယ် ကလန်ကဆန်လုပ်ချင်နေတယ်လို့လည်း ဆိုပါတယ်။

▪️ ထရမ့်အစိုးရအနေနဲ့ အောက်တိုဘာလကုန်လောက်မှာ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုများ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘက်ဆန့်က Fox Business Network ရဲ့ Kudlow အစီအစဉ်မှာ ပြောသွားပါတယ်။

▪️ "ဒါက ရည်မှန်းချက်ကြီးတဲ့သဘောပါ။ ဒါပေမဲ့ ကျွန်တော်တို့က အနေအထားကောင်းမှာ ရှိနေတယ်လို့ မြင်ပါတယ်။ အရေးပါတဲ့ နိုင်ငံအားလုံးနဲ့ အရေးကြီးတဲ့စည်းမျဉ်းတွေ သဘောတူညီနိုင်မယ်လို့ ထင်မိပါတယ်" လို့ ဘက်ဆန့်က ပြောသွားပါတယ်။

Source: Reuters