#World_Science
Published 12 March 2026

■ ဂြိုဟ်တုတွေ၊ ရေဒါတွေ၊ မိုးလေဝသခန့်မှန်းချက်စနစ်တွေ မပေါ်ခင်တုန်းက လူတွေက တိရိစ္ဆာန်တွေကိုကြည့်ပြီး ရာသီဥတု အပြောင်းအလဲလက္ခဏာတွေ စောင့်ကြည့်ခဲ့ကြပါတယ်။
သိပ္ပံနည်းကျ ဟုတ်ဟုတ်မဟုတ်ဟုတ် ပတ်ဝန်းကျင်အာရုံခံမှုတွေကနေ တိရိစ္ဆာန်အပြုအမူတွေ ဖြစ်ပေါ်တတ်ပါတယ်။

■ (၁) မိုးခန့်မှန်းနိုင်သော ဖား
ဒေသအများအပြားမှာ မိုးမရွာခင် ဖားအော်သံတွေ ပိုမိုကျယ်လောင်လာတတ်ပြီး လေထုဖိအား ပြောင်းလဲခြင်းနဲ့ စိုစွတ်မှု မြင့်တက်လာခြင်းတို့ကို ဖားတွေတုံ့ပြန်တာ ဖြစ်ပါတယ်။

■ (၂) တိမ်ကောင်းကင်အကြောင်းသတိပေးနိုင်သော ငှက်များ
ပျံလွှားငှက်တွေ အနိမ့်ပျံရင် မိုးရွာအံ့ဆဲဆဲဖြစ်နိုင်ပြီး ရုတ်တရက်ငြိမ်သက်သွားရင်တော့ မုန်တိုင်းနီးကပ်လာတဲ့သဘော ဖြစ်ကာ ဒါဟာငှက်တွေက လေဖိအားနဲ့ လေဦးတည်ချက်တို့ကို သိနိုင်စွမ်း အလွန်မြင့်မားတာကြောင့် ဖြစ်ပါတယ်။

■ (၃) မုန်တိုင်းအာရုံခံနိုင်သော ကြောင်
ကြောင်တွေက မုန်တိုင်းတို့ မိုးတို့နီးစပ်လာရင် ကဏာမငြိမ်၊ ပုံးကွယ်တတ်တဲ့သဘော မြင်တွေ့ရပြီး ဒါဟာ သူတို့ရဲ့ နှုတ်ခမ်းမွှေးတွေက သေးငယ်လှတဲ့ လေဖိအားအပြောင်းအလဲကို အာရုံခံနိုင်သလို ပတ်ဝန်းကျင်က ငြိမ်သက်လျှပ်စီးဓာတ်ကိုလည်း အလွန်အာရုံခံနိုင်တာကြောင့် ဖြစ်ပါတယ်။

■ (၄) မိုးရွာခြင်းကို ငြိမ်သက်စွာပြုမူသော နွားများ
မိုးမရွာခင် နွားတွေ လဲနေတတ်တယ်လို့ ယူဆဖူးကြပြီး စိုစွတ်မှုမြင့်မားကာ လေဖိအားအေးလာပြီဆိုရင် မြက်တွေစိုစွတ်လာတာကြောင့် နွားတွေက နွေးထွေးခြောက်သွေ့အောင် လဲနေတဲ့သဘော ဖြစ်ပါတယ်။

■ (၅) မိုးကြီးခြင်းကိုခန့်မှန်းနိုင်သော ပုရွက်ဆိတ်
မုန်တိုင်း၊ မိုးများမလာခင်မှာ ပုရွက်ဆိတ်တွေ အများအပြား ပေါ်လာတတ်တာဟာ လေထုဖိအားကျဆင်းခြင်းကို အာရုံခံနိုင်ပြီး ရေကြီးခြင်းမှကာကွယ်ဖို့ အသိုက်ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။

■ (၆) ဖိအားကျဆင်းကိုသိရှိသော ငါးမန်း
မုန်တိုင်း ဟာရီကိန်းတို့မလာခင် သမုဒ္ဒရာထဲမှာ ငါးမန်းတွေဟာ ရေနက်ထဲ သွားကြတာကို သိရှိထားပြီး ဒါဟာ သူတို့ရဲ့ အာရုံခံအင်္ဂါတွေက ရေထဲက လျှပ်စီးနဲ့ ဖိအားပြောင်းလဲမှုကို သိရှိနိုင်တာကြောင့် ရှောင်ရှားတဲ့သဘော ဖြစ်ပါတယ်။

■ (၇) ရာသီဥတုညွှန်ပြသည့် ပျား
ပျားတွေ ပျားအုံနားရှိနေခြင်း အနိမ့်ပျံနေခြင်းတို့ဆိုရင် မိုးလာတဲ့သဘောဖြစ်ပြီး သူတို့ရဲ့ နေထိုင်ပုံက စိုစွတ်မှုအပေါ် မူတည်နေပါတယ်။

Source: Indian Express