#World_Health
Published 12 March 2026

■ အယ်ဇိုင်းမားရောဂါမှာ ပါဝင်တဲ့ ပရိုတိန်းတစ်ခုကို စစ်ဆေးတဲ့ သွေးစစ်ဆေးချက်များဖြင့် ရောဂါလက္ခဏာ မပေါ်ခင်မှာပင် ဘယ်အသက်အရွယ်မှာ ရောဂါဖြစ်နိုင်လဲဆိုတာကို ကူညီခန့်မှန်းပေးနိုင်ဖွယ်ရှိပါတယ်။

■ ဒါပေမဲ့ ဒီစစ်ဆေးနည်းတွေရဲ့ တိကျမှုနဲ့ မရေရာမှုအပေါ် မေးခွန်းထုတ်စရာများ ရှိနေပါတယ်။

■ လေ့လာမှုရလဒ်တွေက အားကိုးစရာဖြစ်ပေမယ့် လူနာတစ်ဦးချင်းစီအတွက် ထင်ရှားတဲ့ အကျိုးကျေးဇူးအဆင့်မှာ မရှိသေးသလို အယ်ဇိုင်းမားရောဂါဆိုတာက ရှုပ်ထွေးလှပြီး တစ်ဦးနဲ့တစ်ဦး ဖြစ်ပျက်ပုံတွေ ကွဲပြားတယ်လို့ ဗန်ဒါဘစ်ဆေးတက္ကသိုလ်မှ အာရုံကြောစိတ်ပညာရှင် ကိုရီဘော်လ်တန်က ပြောပါတယ်။

■ ဦးနှောက်အသိဉာဏ် ချို့ယွင်းခြင်းမရှိတဲ့ အသက် ၆၂ နှစ်မှ ၇၈ နှစ်ကြား လူပေါင်း ၆၀၀ ကျော်ကို သွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကာ ပုံစံတစ်မျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

■ ဒီရောဂါဟာ ဦးနှောက်ထဲမှာ အမိုင်လွိုက်ပရိုတိန်းအနည်တွေ၊ tau ပရိုတိန်းတွေ စုပြုံလာတာဖြစ်ပြီး လက္ခဏာမသိသာခင်အထိ ဆယ်စုနှစ်ကြာအောင် ရောဂါတိုးလာပါတယ်။

■ သွေးစစ်ဆေးနည်းတွေဟာ ရောဂါနဲ့ ဇီဝလက္ခဏာများကို ရှာဖွေရာမှာ အသုံးများလာပါတယ်။

■ အမေရိကန်မှာ အယ်ဇိုင်းမားလက္ခဏာရှိသူတွေအတွက် အသိအမှတ်ပြုထားတဲ့ စစ်ဆေးနည်း ၂ မျိုးကတော့ Lumipulse နဲ့ Elecsys တို့ဖြစ်ပါတယ်။

■ အဝလွန်ခြင်း၊ ကျောက်ကပ်ရောဂါတို့လို ရှိရင်းစွဲရောဂါအခြေအနေတွေကြောင့် စစ်ဆေးချက်ရလဒ် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

■ ဒီလေ့လာချက်တွေ အတည်ပြုနိုင်ဖို့အတွက်ဆိုရင် ကွဲပြားတဲ့လူမျိုးတွေမှာ နောက်ထပ်လေ့လာသွားဖို့ လိုအပ်နေကြောင်း သုတေသီတွေ ပြောသွားပါတယ်။

Source: ScientificAmerican