#World_News

Published 11 August 2025

▪️ တောင်ကိုရီးယား စစ်သည်အင်အားဟာ ပြီးခဲ့တဲ့ ၆ နှစ်တာအတွင်း ၂၀ ရာခိုင်နှုန်းကျဆင်းလာကာ ၄ သိန်းခွဲသာ ကျန်ပါတော့တယ်။

▪️ တောင်ကိုရီးယားက ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးဖြစ်နေသလို မဖြစ်မနေ စစ်မှုထမ်းစနစ်အတွက် ယောက်ျားဦးရေကလည်း သိသိသာသာ လျော့နည်းလာပါတယ်။

▪️ စစ်မှုထမ်းစနစ်အတွက် အကျုံးဝင်တဲ့ ယောက်ျားအရေအတွက် အတော်လေးကျဆင်းလာတာက အရာရှိအရေအတွက်လည်း ကျဆင်းလာစေရာ ဒီလိုသာဆက်ဖြစ်နေပါက စစ်ရေးလည်ပတ်မှုတွေမှာ အခက်အခဲရှိလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြထားပါတယ်။

▪️ ၂၀၀၀ ခုနှစ်အစောပိုင်းကစလို့ စစ်ရေးအင်အား ပုံမှန်ကျဆင်းလာကာ ၆၉၀,၀၀၀ ခန့် ဖြစ်လာပါတယ်။

▪️ ၂၀၁၀ နှောင်းပိုင်းမှာ ကျဆင်းနှုန်းမြန်လာပြီး ၂၀၁၉ မှာ စစ်မှုထမ်းနဲ့ အရာရှိအရေအတွက် ၅၆၃,၀၀၀ ခန့် ဖြစ်လာပါတယ်။

▪️ ရန်ဘက်မြောက်ကိုရီးယားကတော့ ၂၀၂၂ ခန့်မှန်းချက်အရ စစ်မှုထမ်းအင်အား ၁.၂ သန်းရှိမယ်လို့ ယူဆရပါတယ်။

▪️ စစ်မှုထမ်းစနစ်အတွက် အကျုံးဝင်တဲ့ အသက်အရွယ်အပိုင်းအခြားဖြစ်တဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားဦးရေဟာ ၂၀၁၉ နဲ့ ၂၀၂၅ အတွင်းမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

၂၀၂၅ မှာ တောင်ကိုရီးယား စစ်အသုံးစရိတ်က ၆၁ ထရီလီယံဝမ်ကျော် ရရှိထားပြီး မြောက်ကိုရီးယားစီးပွားရေးထက် ပိုများနေပါတယ်။

▪️ ကာကွယ်ရေးအဆင်သင့် ထိန်းသိမ်းနိုင်ရေးအတွက် လုံလောက်တဲ့ တပ်သားအင်အားရရှိဖို့ ၅ သောင်းခန့် လျော့နည်းနေဆဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားက ကမ္ဘာပေါ်မှာ သက်ကြီးအရေအတွက် အများဆုံးတွေထဲက တစ်နိုင်ငံဖြစ်ပြီး ၂၀၂၄ အတွင်း အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်းက ၀.၇၅ သာရှိပါတယ်။

▪️ ၂၀၂၀ မှာ လူဦရေး ၅၁.၈ သန်းရှိခဲ့ရာကနေ ၂၀၇၂ အရောက်မှာ ၃၆.၂ သန်းအထိ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။

Source: Reuters