#World_News
Published 09 July 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗုဒ္ဓဟူးနေ့ နေတိုး (NATO) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်အနေဖြင့် စပိန်နဲ့ ကုန်သွယ်ရေးဆက်ဆံမှုများ ဖြတ်တောက်ရန် တောင်းဆိုခဲ့ပြီး ဂရင်းလန်ကျွန်းအပေါ် ပိုင်ဆိုင်မှုအရေးကိုလည်း ထပ်မံပြောကြားခဲ့သဖြင့် အစည်းအဝေး ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ပါတယ်။

■ ဒါပေမဲ့ နောက်ပိုင်းမှာ သဘောထားကို ပြောင်းလဲခဲ့ပြီး အပြန်အလှန် ချစ်ခင်မှုများနဲ့ စည်းလုံးညီညွတ်မှု အပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

■ နေတိုးအဖွဲ့အတွင်း စပိန်နိုင်ငံဟာ ဆိုးရွားတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပြီး အီရန်အပေါ် စစ်ဆင်နွှဲမှုကို မထောက်ခံတဲ့အတွက် မဟာမိတ်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အပြင် စပိန်နဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းရန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကို ညွှန်ကြားခဲ့ပါတယ်။

■ ထရမ့်က အီရန်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနဲ့ စပိန်ကို ဆိုးရွားတဲ့ မိတ်ဖက်အဖြစ် တိုက်ခိုက်ပြောဆိုကာ ကုန်သွယ်ရေးနဲ့ လည်ပတ်မှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုပြီး နေတိုးထိပ်သီးအစည်းအဝေးကို လွှမ်းမိုးခဲ့ပါတယ်။

■ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတာက ထိုစိုးရိမ်ပူပန်မှုများကို သက်သာစေရန် ကြိုးပမ်းခဲ့ပေမယ့် ကာကွယ်ရေးအသုံးစရိတ်နဲ့ နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ထရမ့်ကို ချီးကျူးခဲ့ပါတယ်။

■ နေတိုးအဖွဲ့ရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာ ဒေါ်နယ်ထရမ့်က နေတိုးမဟာမိတ်အဖွဲ့အပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနဲ့ တွေ့ဆုံကာ ကိဗ်မြို့မှာ ပက်ထရီယော့ဒုံးကျည်များ ထုတ်လုပ်ရန်အတွက် လိုင်စင်ခွင့်ပြုချက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

Source: Reuters