#World_Health
Published 04 February 2026

■ သစ်တောများနဲ့ တောရိုင်းနေရာများ ပြုန်းတီးလာတဲ့အတွက် ခြင်တွေဟာ သွေးသောက်ဖို့ လူတွေကို အဓိကထားလာပါတယ်။

■ ခြင်ကိုက်ခြင်းကြောင့် ခြင်ကြောင့်ကူးစက်တဲ့ရောဂါများ အဖြစ်များလာပါတယ်။

■ လူသားတွေရဲ့ လုပ်ရပ်ကြောင့် သစ်တောပြုန်းတီးလာသဖြင့် သစ်ပင်များ၊ တိရိစ္ဆာန်များ အတော်လေးလျော့နည်းလာပါတယ်။

■ ခြင်တွေက သူတို့ရဲ့ စားကျက်နေရာတွေမှာ ပုံမှန်စားသောက်ကြပေမယ့် နေရာတွေပျောက်ကုန်ကာ လူသားတွေဆီ မြှားဦးလှည့်လာကြကြောင်း ကော်နယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ လော်ရာဟာရင်တန်က ပြောပါတယ်။

■ အတ္တလန္တိတ်သစ်တောဆိုရင် တစ်ချိန်က စတုရန်းမိုင် ၅၀၂,၀၀၀ ခန့်ရှိရာကနေ အခုအချိန်မှာ ၂၉ ရာခိုင်နှုန်းသာ ကျန်ရှိပါတော့တယ်။

■ သစ်တောများ ပြုန်းတီးရာကနေ ထိုနေရာမှာ ကျက်စားနေတဲ့ ခြင်တွေက လူတွေအနား လာရောက်ရှင်သန်လာကြကာ ခြင်ကြောင့်ကူးစက်တဲ့ရောဂါတွေ အဖြစ်များလာပါတယ်။

■ သတ္တဝါမျိုးစိတ်တွေ လျော့နည်းလာခြင်းက ခြင်တွေအတွက် ပစ်မှတ်နည်းပါးလာစေပြီး လူတွေဆီကနေ သွေးကို အဓိကစုပ်ယူလာကြပါတယ်။

■ ဝေးဝေးလံလံက သားကောင်တွေ မရှာတော့ဘဲ အနီးနားမှ လူတွေကို ပစ်မှတ်ထားလာကြပါတယ်။

■ လူတွေဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေထဲက ၁၇ ရာခိုင်နှုန်းကျော်ဟာ ခြင်၊ မှက်၊ ယင်ကောင်တို့လို တိရိစ္ဆာန်တွေဆီကနေ ကူးစက်တာဖြစ်ကြောင်း WHO က ထုတ်ပြန်ထားပါတယ်။

■ ခြင်မတွေဟာ မျိုးပွားဖို့အတွက် သွေးလိုအပ်ပြီး စားကျက်နေရာ ပြောင်းလဲလာခြင်းက သွေးစုပ်ယူပုံစံကို သက်ရောက်လာပါတယ်။

Source: ABC News.