#World_News
Published 27 June 2026

■ ဟော်မုဇ်ရေလက်ကြားရှိ ကုန်တင်သင်္ဘောတစ်စင်းကို အီရန်တို့ ဒရုန်းဖြင့် တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်စစ်တပ်က သောကြာနေ့မှာ အီရန်ကို တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်များကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

■ အမေရိကန် ဗဟိုစစ်ဌာနချုပ်က စစ်လေယာဉ်များဖြင့် ဒုံးကျည်များ၊ ဒရုန်းများ သိုလှောင်ရုံများအပြင် ကမ်းရိုးတန်း ရေဒါစခန်းများကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

■ အီရန်တောင်ပိုင်း စီရစ်ခ်မြို့ရှိ ဆိပ်ခံတံတား ပတ်ဝန်းကျင်ကို ဒုံးကျည်တစ်စင်း လာရောက်ထိမှန်ခဲ့ကြောင်း အီရန်ဘက်က ပြောကြားခဲ့ပြီး ထိုဒေသအတွင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ကာ အီရန်ရေတပ်ဘက်က တုံ့ပြန်ခဲ့ကြပါတယ်။

■ အစ္စရေးလ်နဲ့ လက်ဘနွန်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ တိုးတက်မှုတွေ ရှိနေပါတယ်။

■ အီရန်က ရေလက်ကြားကို ထိန်းချုပ်လိုပြီး ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ မပူးပေါင်းဖို့ သတိပေးထားပါတယ်။

■ ကုန်တင်သင်္ဘောတွေကို အီရန်တပ်တွေ သတိမပေးဘဲ တိုက်ခိုက်တာဟာ အပစ်အခတ် ရပ်စဲရေးကို အရှင်းသား ချိုးဖောက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

■ ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ဆက်လက်ကူညီသွားမယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

■ ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ထွက်လာနိုင်တာကြောင့် သောကြာနေ့က ရေနံဈေး ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Source: Reuters