#World_Health
Published 12 July 2026

■ ကော်ဖီဆိုတာ မနက်ခင်းမှာ လူကိုလန်းဆန်းစေရုံတင်မကဘဲ စွမ်းအင်တိုးတက်စေတဲ့အပြင် ထင်မှတ်မထားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ပါ ဆက်စပ်နေပါတယ်။

■ ဒါပေမဲ့ ကော်ဖီအစားထိုးချင်သူ‌တွေအတွက် သောက်စရာတွေကတော့ ..

■ (၁) မက်ချာ
လက်ဖက်စိမ်းအမှုန့်တစ်မျိုးဖြစ်ကာ epigallocatechin gallate (EGCG)လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။
ရောင်ရမ်းမှုလျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေး မြှင့်တင်ပေးခြင်း၊ ကင်ဆာအချို့ ကာကွယ်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။

■ (၂) ယိုးဒယားချိုင်လက်ဖက်ရည်
သစ်ကြပိုးခေါက်၊ ဂျင်း၊ လေးညင်းပွင့်၊ ငရုတ်ကောင်းတို့ ပါဝင်တဲ့ မာဆလာချိုင်လက်ဖက်ရည်ဟာ ကိုယ်ခံအားစနစ်နဲ့ နှလုံးကျန်းမာရေးတို့ကို ထောက်ကူပေးကာ အစာခြေခြင်းကို ကူညီပေးပါတယ်။

■ (၃) မှိုကော်ဖီ
ကော်ဖီစေ့မှုန့်နဲ့ ခြောက်သွေ့မှိုများ ရောစပ်ထားကာ ခြင်္သေ့လည်ဆံမှို၊ ချာဂါမှိုတို့ ပါဝင်ပြီး စိတ်ဖိစီးမှု ခံနိုင်ရည်ရှိပါတယ်။

■ (၄) ယာဘာမာတေး
သီယိုဘရိုမင်းဓာတ် ပါဝင်ကာ ကော်ဖီသောက်သလိုမျိုး စွမ်းအင်ပေးနိုင်ပြီး ရင်တုန်ခြင်း၊ တုန်လှုပ်ခြင်း မဖြစ်စေပါဘူး။

■ (၅) ချီကိုရီကော်ဖီနဲ့ နနွင်းနို့
အာဟာရဓာတ် အလွန်ကြွယ်ဝပြီး ကဖင်းဓာတ် မပါဝင်ကာ အူလမ်းကြောင်း ကောင်းမွန်စေတဲ့ အမျှင်ဓာတ်များ ပါဝင်ပါတယ်။

■ (၆) ပူဒီနာနဲ့ ရွိုင်းဘော့လက်ဖက်ရည်
စိတ်ကြည်လင် လန်းဆန်းစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို လျှော့ချပေးပါတယ်။

Source: Very Well Health