#World_Health
Published 29 December 2025
■ ကလေးတွေ ဆိုရှယ်မီဒီယာ အသုံးများလာခြင်းကြောင့် အာရုံစူးစိုက်မှု ထိခိုက်လာပြီး အာရုံစိုက်အားနည်း ဂနာမငြိမ်ရောဂါ(ADHD) အဖြစ်များလာစေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အမေရိကန်မှ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေး ၈,၃၀၀ ကျော်ရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ခဲ့ရာ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းနဲ့ အာရုံမစိုက်နိုင်ခြင်းလက္ခဏာ အဖြစ်များလာခြင်းတို့ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။
■ ကလေးတွေဟာ တစ်နေ့ကို ၂.၃ နာရီခန့် တီဗီကြည့်ခြင်း၊ ဆိုရှယ်မီဒီယာမှာ ၁.၄ နာရီရှိခြင်း၊ ၁.၅ နာရီခန့် ဗီဒီယိုဂိမ်းကစားခြင်းတို့ဖြင့် အချိန်ကုန်နေကြကြောင်း သုတေသီတွေ တွေ့ရှိထားပါတယ်။
■ ဒီရောဂါဟာ အာရုံကြောဖွံ့ဖြိုးမှုရောဂါတစ်မျိုးဖြစ်ကာ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ မေ့လျော့ခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
■ ဖုန်းအသုံးပြုတဲ့အထဲမှာမှ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေက ကလေးတွေရဲ့ အာရုံစူးစိုက်မှုတွေကို ထိခိုက်စေတာဖြစ်တယ်လို့ အာရုံကြောသိပ္ပံပရော်ဖက်ဆာ တော်ကယ်ကလင်းဘာ့ဂ်က ပြောပါတယ်။
■ ဆိုရှယ်မီဒီယာတွေကနေ မက်ဆေ့ချ်တွေ၊ အသိပေးချက်တွေ ဝင်လာခြင်းကြောင့် အလွယ်တကူ အာရုံပြောင်းသွားစေပြီး ဘာမက်ဆေ့ချ်ဝင်သလဲဆိုတဲ့ အတွေးက အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
■ ကလေးတွေကြား အာရုံစိုက်အားနည်း ဂနာမငြိမ်ရောဂါ အဖြစ်များလာပြီး ၂၀၀၃-၂၀၀၇ မှာ ၉.၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၀-၂၀၂၂ မှာ ၁၁.၃ ရာခိုင်နှုန်းသို့ မြင့်တက်လာပါတယ်။
■ ဆိုရှယ်မီဒီယာ စတင်အသုံးပြုသင့်တဲ့ အသက်အရွယ်ကို ၁၃ နှစ်လို့ အကြံပြုထားပြီး နည်းပညာကုမ္ပဏီတွေအနေနဲ့ အသက်အရွယ် ကန့်သတ်ချက်ခြင်းတွေ၊ ပြတ်သားတဲ့ လမ်းညွှန်ချက်တွေ ထည့်သွင်းဖို့ တောင်းဆိုလာကြပါတယ်။
Source: The Guardian