၁၇ အောက်တိုဘာ ၂၀၂၄

တောင်ကိုရီးယားရဲ့ နာမည်ကျော် ဘီတီအက်စ် BTS အဖွဲ့ဝင် ကေပေါ့တ်စကား ဂျေဟုပ် J-Hope ဟာ ၁၈ လကြာ စစ်မှုထမ်းပြီးနောက် စစ်မှုထမ်းကာလပြီးဆုံးတဲ့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က တောင်ကိုရီးယား စစ်တပ်ကနေ ထွက်ခဲ့ပါတယ်။ အဲဒါကြောင့် လာမယ့်နှစ်မှာ သူ့အနေနှင့် သူရဲ့ ဘီတီအက်စ်အဖွဲ့နှင့်ပြန်ပေါင်းတော့မလားလို့ သူ့ပရိဿတ်တွေနှင့် ရင်းနှီးမြှပ်နှံသူတွေက မျှော်လင့်နေ ကြပါတယ်။

သူတို့အဖွဲ့ထဲက နှစ်အကြာဆုံးအဖွဲ့ဝင် ဂျင်အနေနှင့် ပြီးခဲ့တဲ့ ဇွန်လက စစ်မှုထမ်းပြီးဆုံးပြီးတဲ့အခါ  (၇) ဦးပါ အဆိုပါအဖွဲ့ထဲက ဒုတိယမြောက်ဖြစ်တဲ့ အသက် ၃၀ရှိပြီဖြစ်တဲ့ ဂျေဟုပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းလိုက်ရတဲ့အတွက် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခေတ္တရပ်နားထားခဲ့ ရပါတယ်။

စစ်ဝတ်စုံဝတ်ဆင်ထားပြီး သံပုရာခွံဦးထုတ်ဆောင်းထားတဲ့ သူဟာ ဂန်ဝန်ပြည်နယ်ရဲ့ ဝန်ဂျူးစစ်တပ်  စခန်းကနေ ထွက်လာပြီးနောက် ဂျင်နှင့် သူ့ပရိဿတ်၁၀၀ခန့် ပြီးတော့ အဲဒီကိုရောက်နေကြတဲ့ သတင်းထောက်တွေကို အပြုံးနှင့်နှုတ်ဆက်ခဲ့ပါတယ်။

“ ပရိဿတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဘေးမသီရန်မခဘဲ ကျန်းကျန်းမာမာနှင့် စစ်မှုထမ်းပြီးသွားပြီ” လို့ သူက လူအုပ်စုကိုပြောပါတယ်။

“ ပြီးခဲ့တဲ့ တစ်နှစ်ခွဲမှာ ကျွန်တော်ခံစားလိုက်ရတာကတော့ စစ်သားတွေဟာ နိုင်ငံတော်ကို  ကာကွယ်ဖို့  အတွက် သိပ်ပင်ပန်းကြတယ်။ သူတို့ကိုယ်သူတို့ မြှပ်နှံထားကြတယ်။အလုပ်အလွန်လုပ်ကြတာပဲ ဖြစ်တယ် ”လို့ သူက ပြောပါတယ်။ ပြီးတော့ စစ်မှုထမ်းတွေကို ချစ်မြတ်နိုးကြဖို့လည်း သူက ပြည်သူ  တွေကို ပန်ကြားလိုက်ပါတယ်။

“သူတို့အားလုံး အတူတကွနှင့်ပြန်ဖြစ်တာ သိပ်ကိုမြင်ချင်တယ်” လို့ ဂျေဟုပ်ကို လာကြိုတဲ့ ပရိသတ်     တစ်ဦးဖြစ်တဲ့ အသက် ၃၃နှစ်အရွယ် ချီလီနိုင်ငံသားပရိဿတ် ကော့စတန်ဇာဂေါ့ဒွိုင်ကပြောပါတယ်။

ဘီတီအက်စ်ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းဖျော်ဖြေပြီးနောက် ယခုထက်ထိ အွန်လိုင်းမပါဘဲ တကယ့် အယ်လ်ဘမ်အချပ်ပေါင်း ၅၆ သန်းကျော်ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဥပဒေအရ အသက် ၁၈နှစ်မှ ၂၈ နှစ်အကြား သန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ စစ်တပ် ဒါမှမဟုတ် လူမှုလုပ်ငန်းတွေမှာ ၁၈လမှ ၂၁လအထိ မဖြစ်မနေ အမှုထမ်းကြရပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကေပေါ့တ်စတားတွေအတွက် အသက် ၃၀ မတိုင်ခင်မထိ စစ်မှုထမ်းခြင်းမှရွှေ့ဆိုင်းခွင့်ပြုတဲ့ ဥပဒေပြင်ဆင်မှုပြုလုပ်ပေးခဲ့ပါတယ်။

Source: Reuters