၂၇ စက်တင်ဘာ ၂၀၂၄

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂါရူအီရှီဘာသည် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲတွင် ပဥ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် သောကြာနေ့ (စက်တင်ဘာ ၂၇) ရက်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလိုက်သည့်အတွက် ဂျပန်၏ ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့ မည်ဟု ရိုက်တာက သတင်းရေးသားပါတယ်။

ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် ရှီဂါရူအီရှီမာက သူသည် တစ်ရက်ကို စာအုပ် (၃)အုပ်ဖတ်ရှုနေကြောင်းနှင့် အာဏာရပါတီက လုပ်ဖော်ကိုင်ဖက်တွေနှင့် ရောရောနှောနှောလုပ်နေရတာထက် စာဖတ်နေရတာက ပိုကောင်းကြောင်း ပြောကြားလိုက်ပါတယ်။

အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ  ပါတီမှာ အကျပ်အတည်းတွေရှိနေချိန်မှာ ဦးဆောင်ရပါ လိမ့်မယ်။

ရှီဂါရူအီရှီဘာဆိုတာ ဘယ်သူလဲ

ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့သူဟာ ဘဏ်လုပ်ငန်းမှာ ကာလအနည်းငယ်သာ အလုပ်လုပ်ခဲ့ပြီး နောက် ၁၉၈၆ခုနှစ်မှာ ပါလီမန်ထဲရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာ နျူကလီးယားစွမ်းအင် အသုံးပြုမှုတိုးတက်လာတာအပါအဝင် ပါတီရဲ့မူဝါဒတွေအပေါ် ဖီဆန်ခဲ့ ပါတယ်။ လက်ထပ်ပြီးစုံတွဲတွေ သီးခြား မိသားစုအမည်တွေသုံးခွင့်မပြုလို့ဆိုပြီး သူ့ပါတီကို ဝေဖန်ခဲ့သူ လည်း ဖြစ်ပါတယ်။

“ ပြည်သူတွေ အပြုံးနှင့် နေထိုင်ကြတဲ့ တောက်ပထင်ရှားတဲ့ ဂျပန်နိုင်ငံကို ကျွန်တော် ပြန်ဆောင်ယူ   လာခဲ့ပါမယ်”လို့သူကပြောပါတယ်။ စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်ခဲ့ဖူးတဲ့သူက သေအံ့ဆဲဆဲဒေသတွေကို ပြန်ရှင်သန်လာဖို့အတွက် အချို့သောဝန်ကြီးဌာန  တွေနှင့် အစိုးရဌာနတွေကို တိုကျိုမြို့ပြင်ရွှေ့ပစ်မယ်လို့ ကတိပေးထားပါတယ်။ ဘေးအန္တရာယ်ကျရောက်လွယ်တဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ် အမိုးအကာတွေ တည်ဆောက်တာကို ကြီးကြပ်မယ့် အေဂျင်စီတစ်ခုကိုတည်ထောင်ဖို့လည်း သူကအဆိုပြုထားပါတယ်။

လက်ရှိဝန်ကြီးချုပ်ဖူမီယိုအပါအဝင် အခြားသော ဝန်ကြီးချုပ်တွေကို ရာထူးကဆင်းပေးဖို့ သူက ပြောင်ကျကျပြောခဲ့တဲ့အတွက် ပါတီတွင်းမှာ သူဟာ ရန်သူတွေများနေပါတယ်။

သူဟာ အစိုးရထဲမှာ မရှိတော့တဲ့အချိန်တွေအတွင်းမှာ အများပြည်သူရဲ့ မျက်စေ့အောက်မှာ ဆက်ရှိ နေပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ မွေးနှုန်းကျဆင်းနေတာကအစ ရာမန်ခေါက်ဆွဲအဆုံး ခေါင်းစဉ်အမျိုးမျိုး နှင့် ဆိုရှယ်မီဒီယာတွေနှင့် ယူကျုတွေမှာ ပြောဆိုဝေဖန်တာတွေလုပ်နေခဲ့တာပါ။

သူဟာ သူကိုယ်သူလည်း ပျော်ရွှင်အောင် ဟိုလုပ်သည်လုပ်တွေရှိခဲ့ပါတယ်။ အဲဒီအထဲမှာ တစ်ခါတစ်ခါ ကိုးရိုးကားရားနိုင်လှတဲ့ သူ့အမူအကျင့်တွေနှင့် ဝါသနာတွေလည်းပါဝင်ခဲ့ပါတယ်။ ပလပ်စတစ်နှင့်  လုပ်ထားတဲ့ သင်္ဘောနှင့် စစ်လေယာဉ်ပုံစံငယ်ကလေးတွေလည်းလုပ်တာလည်းပါပါတယ်။ အဲဒါတွေကို သူက တိုကျိုမှာရှိတဲ့ သူ့ရဲ့ပါလီမန်ရုံးခန်းထဲက စာအုပ်စင်ပေါ်မှာ တင်ပြီးပြသထားပါတယ်။

သူ့ကို ပါတီရဲ့ အမျိုးသားလုံခြုံရေးမှာ အထူးကျွမ်းကျင်သူပညာရှင်တစ်ဦးအဖြစ်နှင့် မြင်ကြပြီး  ဂျပန် နိုင်ငံအနေနှင့် ကာကွယ်ရေးမှာ ကိုယ့်ကိုကိုယ်ရပ်တည်ဖို့နှင့် ကာလရှည်မဟာမိတ်ဖြစ်တဲ့ အမေရိကန်  အပေါ် မှီခိုလွန်း တာတေလျှော့ချဖို့ စည်းရုံးအကြံပေးခဲ့ပါတယ်။

သူ့ရဲ့အဲဒီရပ်တည်ချက်ကြောင့် အမေရိကန်နှင့်ဆက်ဆံရေးရှုပ်ထွေးလာစေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ပါတီခေါင်းဆောင်ရွေးပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ်အတွင်း သူက အာရှနေတိုးအဖွဲ့တစ်ခုကို ဂျပန်က ဦးဆောင်ဖန်တီးဖို့ တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ အဲဒီစိတ်ကူးကို အမေရိကန်က အလျင်စလို နိုင်လွန်းလှတယ်ဆိုပြီး ချက်ခြင်းကြီးကို ပယ်ချခဲ့ပါတယ်။

အမေရိကန်တပ်တွေအများစုအသုံးပြုနေကြတဲ့ ဂျပန်က အိုကီနာဝါက စခန်းတွေကို သူက ပိုပြီး ကြီးကြပ် သွားလိုတယ်လို့ပြောခဲ့ဖူးပါတယ်။

“ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ မူဝါဒတွေနှင့် နိုင်ငံရေးရပ်တည်ချက်တွေ ကိုက်ညီနေသမျှ  ကာလပတ်   လုံး အကောင်းဆုံးမိတ်ဆွေတွေရှိဖို့မလိုဘူး” လို့ အီရှီဘာက ဒီတစ်ပတ်ထဲ ယူကျုဗွီဒီယိုတစ်ခုမှာ ပြောဆို ထားပါတယ်။

Source Reuters