၂၀ နိုဝင်ဘာ ၂၀၂၄

လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ်မယ်လို့ သတင်းရရှိထားတဲ့အတွက် အမေရိကန်က ယူကရိန်း နိုင်ငံ ကိဗ်မြို့တော်မှာရှိတဲ့ ယင်းတို့ရဲ့သံရုံးကိုပိတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဌာနက နိုဝင်ဘာ ၁၀ရက် ဗုဒ္ဒဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။

“ အမေရိကန်သံရုံးအနေနှင့် အမေရိကန်နိုင်ငံသားတွေအနေနှင့် လေကြောင်းအချက်ပေးကြေညာပြီ ဆိုတာနှင့် အမိုးအကာတွေအောက် ချက်ခြင်းခိုလှုံဖို့ပြင်ဆင်ထားကြပါ” လို့ သံရုံးက သတင်းထုတ်ပြန်ပါ တယ်။

ယူကရိန်းက အမေရိကန်ရဲ့ ATACMS ဒုံးကျည်အသုံးပြုပြီး ရုရှားပိုင်နက်ကို တိုက်ခိုက်ခဲ့ပြီး တစ်ရက် အကြာမှာ အမေရိကန်သံရုံးရဲ့ သတိပေးချက်ထွက်ပေါ်လာတာပါ။ မကြာမီသက်တမ်းကုန်တော့မယ့် ဂျိုးဘိုင်ဒင်အစိုးရက စစ်ပွဲ ရက်၁၀၀၀ပြည့်နေ့မှာ ယင်းကဲ့သို့အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အကယ်၍ ဝါရှင်တန်က အမေရိကန်၊ဗြိတိန်နှင့်ပြင်သစ်ဒုံးကျည်တွေနှင့် ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့လျှင် ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ဝင်တွေ တိုက်ရိုက်ပါဝင်ပတ်သက်ပြီလို့ သဘော ထားမှာဖြစ်တဲ့အကြောင်း ရုရှားက သတိပေးထားပါတယ်။

ယူကရိန်းက အမေရိကန်လက်နက်တွေနှင့် ရုရှားအတွင်းတိုက်ခိုက်လာလျှင် ပြန်တုန့်ပြန်မယ်လို့လည်း ရုရှားသမ္မတ ပူတင်က အောက်တိုဘာတုန်းကသတိပေးထားပါတယ်။

အင်္ဂါနေ့က ပူတင်ဟာ သမားရိုးကျလက်နက်တွေနှင့် အကြီးအကျယ်တိုက်ခိုက်လာလျှင် နျူကလီးယား လက်နက်နှင့်ပြန်တုန့်ပြန်နိုင်မယ့် နျူကလီးယားလက်နက်အသုံးပြုခွင့်အဆင့်ကို လျှော့ချအတည်ပြုခဲ့ ပါတယ်။ ရုရှားနှင့်အနောက်နိုင်ငံတွေဟာ ရာစုနှစ်ဝက်ကျော်အတွင်း ယခုတစ်ကြိမ် အတင်းမာဆုံး အခြေအနေဆိုက်ရောက်နေတာဖြစ်ပါတယ်။

Source Reuters