#World_Health
Published 07 January 2025
▪️ အယ်လ်ကိုဟော သောက်စရာတွေမှာ ဝယ်ယူသူတွေအတွက် ကင်ဆာဖြစ်နိုင်ခြေအကြောင်း သတိပေးအမှတ်အသားများ တပ်သင့်တယ်လို့အမေရိကန်အစိုးရ ပြည်သူ့ကျန်းမာရေးပညာရှင် အကြီးအကဲ Surgeon General ပြောသွားပါတယ်။
▪️ အယ်လ်ကိုဟော သောက်သုံးခြင်းဖြင့် ကင်ဆာအမျိုးအစား အနည်းဆုံး ၇ မျိုး ဖြစ်နိုင်ခြေများစေတယ်လို့ ခွဲစိတ်ဆရာဝန်ကြီး ဗီဗက်မာသီ ရုံးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
▪️ ဆေးလိပ်နဲ့ အဝလွန်ခြင်းတို့ပြီးရင် အယ်လ်ကိုဟော သောက်သုံးခြင်းက ကာကွယ်လို့ရနိုင်တဲ့ ကင်ဆာတွေထဲမှာ ထိပ်ဆုံး ၃ ခုမြောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ အမေရိကန်မှာ အယ်လ်ကိုဟောကြောင့် သေဆုံးမှုက နှစ်စဉ် ၁၃၅၀၀ ကျော်ရှိနေပါတယ်။
▪️ အယ်လ်ကိုဟောကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာတွေထဲမှာ ရင်သား၊ အူမကြီး၊ အစာရေမျို၊ အသည်း၊ ခံတွင်း၊ လည်ချောင်း၊ အသံအိုးကင်ဆာတို့ ပါဝင်ပါတယ်။
▪️ အယ်လ်ကိုဟောထဲက အီသနော ပြိုကွဲတဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ အက်ဆီတယ်ဒီဟိုဒ် ဖြစ်ပေါ်လာပါတယ်။
▪️ ဒီဒြပ်ပေါင်းက ဒီအင်န်အေ ပျက်စီးစေပြီး ပြုပြင်မှုကနေလည်း ဟန့်တားကာ ကင်ဆာဆဲလ်များ ကြီးထွားလာစေတယ်လို့ MD Andersonမှ ညွှန်ကြားရေးမှူး ဒေါက်တာ ထရေ့စ်ဘီဗာစ်က ရှင်းပြပါတယ်။
▪️ ဒါ့အပြင် ဟော်မုန်းကိုလည်း သက်ရောက်စေပြီး အာဟာရဓာတ်များ စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။
▪️ ရင်သားကင်ဆာ ဖြစ်ပွားသူ ၆ ဦးမှာ ၁ ဦးနှုန်းကျော်လောက်က အယ်လ်ကိုဟောနဲ့ ဆက်စပ်နေကြောင်း နော့သ်ဝဲလ်ကင်ဆာကျန်းမာရေးမှ ကင်ဆာခွဲစိတ်ဆရာဝန် ဒေါက်တာ စင်ဒီဆင်က ပြောသွားပါတယ်။
▪️ ဒါပေမဲ့ အယ်လ်ကိုဟောကို လုံးဝမသောက်ဘဲ နေတာတော့ မဟုတ်ဘဲ တစ်ပတ်ကို တစ်ခွက်နှစ်ခွက် မပြည့်အောင် သောက်ဖို့တော့ အကြံပြုသွားပါတယ်။
▪️ မိသားစုထဲမှာ ကင်ဆာဖြစ်ဖူးသူရှိရင် ပိုမိုသတိထားသင့်ပြီး နေထိုင်စားသောက်မှုပုံစံက ပြုပြင်ထိန်းသိမ်းနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
▪️ အရက်ကို အနည်းငယ်မျှ သောက်သုံးလျှင်ပင် ကင်ဆာကြောင့် သေဆုံးနိုင်ခြေ မြင့်မားစေတယ်လို့ မကြာသေးမီက သုတေသနမှာ တွေ့ထားပါတယ်။
▪️ အရက်သောက်ခြင်းဟာ ရှောင်ရှားပါက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပြီး အများပြည်သူကို အသိပညာပေးဖို့ ခွဲစိတ်ဆရာဝန်ကြီးရုံးက တောင်းဆိုလိုက်ပါတယ်။
#Source: New York Post