#World_Health
Published 07 January 2025


▪️ သောက်သုံးခြင်းနဲ့ စိုက်ပျိုးခြင်းတို့အတွက် ရေတွေကို ပင်လယ်ရေကနေ ရေချိုအဖြစ် ပြောင်းလဲအသုံးပြုလာကြပါတယ်။

▪️ အစ္စရေးလ်မှာ ၁၉၉၇ ကစပြီး ပင်လယ်ရေကနေ ရေချိုပြောင်းတဲ့စက်ရုံ ၅ ရုံဆောက်လုပ်ဖို့ အာဏာပိုင်များ ဆုံးဖြတ်ခဲ့ကြပါတယ်။

▪️ မက်ဒီတာရေးနီးယန်းပင်လယ်ကနေ ဆားဖယ်ရှားတဲ့ ဖြစ်စဉ်ဟာ ကျန်းမာရေးအတွက် အန္တရာယ် ရှိနေပါတယ်။

▪️ ဘာကြောင့်လဲဆိုတော့ ထိုဖြစ်စဉ်ကြောင့် အရေးကြီးသတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယံ ချို့တဲ့စေပြီး ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစတဲ့ ပြဿနာများ ဖြစ်နိုင်ခြေ အလွန်များစေတယ်လို့ ဂျေရုဆလမ်မှ လေ့လာချက်အသစ်မှာ တွေ့ရှိခဲ့ပါတယ်။

▪️ မဂ္ဂနီဆီယံက ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်တို့ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးကာ နှလုံးခုန်ခြင်း၊ ကိုယ်ခံအားစနစ်၊ အရိုးဖွဲ့စည်းခြင်းတို့ကို ထောက်ပံ့ကူညီပေးပြီး သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်တို့ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

▪️ ပင်လယ်ရေမှ ပြောင်းထားတဲ့ရေချိုကို အဓိကသုံးစွဲလာရပြီး ထိုရေကိုမှီခိုနေရတဲ့ သက်ရှိတွေမှာ မဂ္ဂနီဆီယံ ချို့တဲ့လာစေပါတယ်။

▪️ ရေချိုပြောင်းထားတဲ့ ရေတွေမှာ မဂ္ဂနီဆီယံ ပြန်ထည့်လိုက်ပါက ရောဂါဖြစ်ပွားမှုတွေ လျော့ကျနိုင်ပြီး ကျန်းမာရေးကုန်ကျစရိတ်များစွာ သက်သာနိုင်မယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

▪️ အမျိုးသမီးများအတွက် မဂ္ဂနီဆီယံ နေ့စဉ်လိုအပ်ချက်က ၂၆၅-၃၁၅ မီလီဂရမ်ရှိပြီး အမျိုးသားတွေအတွက်က ၃၅၀-၄၁၅ မီလီဂရမ်ရှိကာ ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေ ပိုမိုလိုအပ်ပါတယ်။

▪️ မဂ္ဂနီဆီယံပါဝင်တဲ့ အစားအစာတွေက အစိမ်းရောင်ဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်များ၊ ပြောင်းဂျုံဆန်များနဲ့ ထွက်ကုန်များ ဖြစ်ပါတယ်။

▪️ လူတစ်ယောက်အတွက် နေ့စည်မဂ္ဂနီဆီယံ ၅၀ မီလီဂရမ် ထပ်ဆောင်းစားသုံးခြင်းဖြင့် တစ်နှစ်အတွင်း ဆီးချိုဖြစ်ပွားသူ ၁ ထောင်ကျော်နဲ့ လေဖြတ်သူ ၁ ကျော်ကာကွယ်ပေးနိုင်မယ်လို့ သုတေသီများ ခန့်မှန်းထားပါတယ်။

▪️ မဂ္ဂနီဆီယံ ဖြည့်စွက်အားဆေးများ အသုံးပြုနိုင်တယ်ဆိုပေမယ့် သောက်သုံးရေက အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ ဦးဆောင်သုတေသီ မိုင်ယာဆာဒက်က ပြောပါတယ်။

#Source: The Jerusalem Post