#World_Health
#
Published 29 April 2025
▪️ အာဟာရဓာတ်ချို့တဲ့တဲ့ ဆယ်ကျော်သက်တွေနဲ့ ငယ်ရွယ်သူတွေမှာ အဓိကဖြစ်ပွားလေ့ရှိတဲ့ ဆီးချိုရောဂါသစ်တစ်မျိုးကို ဆီးချိုအမျိုးအစား(၅)လို့ တရားဝင်သတ်မှတ်လိုက်ပါတယ်။
▪️ ဘန်ကောက်မှာပြုလုပ်တဲ့ ကမ္ဘာ့ဆီးချိုကွန်ဂရက်၂၀၂၅မှာ ဒါကိုကြေညာသွားပါတယ်။
▪️ ဆီးချိုအမျိုးအစား(၅)က ကမ္ဘာတဝှမ်းမှလူပေါင်း ၂၅ သန်းမှာဖြစ်ပွားနေပြီး အများစုက အင်ဆူလင်မလိုအပ်ကြပါဘူး။
▪️ ဒီအမျိုးအစားကို အာရှနဲ့ အာဖရိကတို့လို နိုင်ငံတွေမှာ တွေ့ရတာကြာပြီဖြစ်ပြီး အမျိုးအစား(၁)၊ (၂)တို့နဲ့ မှားယွင်းသတ်မှတ်လေ့ရှိကြပါတယ်။
▪️ ကလေးဘဝမှာ အာဟာရချို့တဲ့မှု ကြာရှည်ခံစားခဲ့ရတဲ့ လူတွေမှာ ဆီးချိုအမျိုးအစား(၅)ရောဂါ တွေ့ရတတ်ပါတယ်။
▪️ ဆီးချိုအမျိုးအစား(၂)နဲ့ မတူတာက ဒီအမျိုးအစားရောဂါဟာ နှစ်တွေကြာအောင် အာဟာရချို့တဲ့ခဲ့ပြီး ပန်ကရိယကောင်းစွာ မဖွံ့ဖြိုးတာကြောင့် ဖြစ်ရပါတယ်။
▪️ ဒီလူနာတွေဟာ အင်ဆူလင်ထိုးခြင်း မလိုအပ်တာများပြီး သောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ ဆီးချိုအမျိုးအစား(၅)ရှိနေသူ သန်း ၂၀ မှ ၂၅ သန်းကြားရှိနိုင်တယ်လို့ ခန့်မှန်းရပြီး အများစုက ရောဂါရှိမှန်းမသိကြပါဘူး။
▪️ အာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါကို ၁၉၅၀ ဝန်းကျင်က ပထမဆုံးသိခဲ့ပေမယ့် နိုင်ငံတကာသုတေသနတွေမှာ အရေးစိုက်မခံခဲ့ရပါဘူး။
▪️ နယူးယော့ခ် အယ်ဘတ်အိုင်းစတိုင်းကောလိပ်မှ ဒေါက်တာ မဲဒစ်ဟော်ကင်စ်က ၂၀၁၀မှာ ဒီအမျိုးအစားကို စတင်သုတေသနပြုလုပ်ခဲ့ပြီး ၂၀၂၂မှာ အောင်မြင်မှုရလာကာ ထိုလူနာတွေက အင်ဆူလင်ပမာဏ အလွန်နည်းနေတာ အတည်ပြုခဲ့ပါတယ်။
▪️ ၂၀၂၅ ဇန်နဝါရီမှာတော့ အိန္ဒိယမှာ ဆီးချိုပညာရှင်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒီအမျိုးအစားကို သီးခြားဆီးချိုအမျိုးအစားအဖြစ် သတ်မှတ်ဖို့ တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပါတယ်။
#Source: India Today