#World_Science
Published 22 March 2025

▪️ ကမ္ဘာပေါ်က ခံနိုင်ရည်အရှိဆုံးသတ္တဝါဖြစ်ပြီး မိုက်ခရိုစကုပ်ဖြင့်ကြည့်မှ မြင်ရတဲ့ တာဒီဂရိတ်တွေဟာ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ပရိုတိန်းကို ထုတ်ပေးပြီး ကင်ဆာကုသမှုတွေကို ပြောင်းလဲစေနိုင်မယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။

▪️ ရေဝက်ဝံလို့လည်းခေါ်တဲ့ တာဒီဂရိတ်တွေက Dsupလို့ခေါ်တဲ့ ထိခိုက်မှုလျှော့ချပေးတဲ့ ပရိုတိန်းကို ထုတ်လုပ်ပေးတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူနေရတဲ့ ကင်ဆာလူနာများမှာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

▪️ ဒီပရိုတိန်းက ကြွက်တွေရဲ့ ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်ရောင်ခြည်ထိခိုက်မှု သိသိသာသာ လျှော့ချနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်ကုထုံး သက်ရောက်စေတယ်လို့ တွေ့ရှိလာပါတယ်။

▪️ ဓာတ်ရောင်ခြည်က ကင်ဆာအကျိတ်တွေကို ကုသရာမှာ အထောက်အကူဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် အကန့်အသတ်နဲ့သာ လုပ်ရတယ်လို့ MITမှ တွဲဖက်ပရော်ဖက်ဆာ ဂျီယိုဗန်နီထရာဗာဆိုက ပြောပြပါတယ်။

▪️ ကြွက်တွေရဲ့ဆဲလ်တွေက ဓာတ်ရောင်ခြည် ထိခိုက်မှုကို ခံနိုင်ရည်ရှိစေပြီး တာဒီဂရိတ်မှ ထုတ်လုပ်တဲ့ ပရိုတိန်းက DNAအမျှင်တန်းများကို ပေါင်းစည်းပေးကာ ထိခိုက်မှုကို လျှော့ချတာဖြစ်တယ်လို့ သုတေသီများ ယူဆထားပါတယ်။

▪️ Dsupကို အဆင့်မြှင့်တင်တဲ့ပုံစံဖြင့် ဖန်တီးပြီး လူသားတွေမှာ ဆိုးကျိုးမရှိစေဘဲ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ဆဲလ်တွေအဖြစ် အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

▪️ ဒါ့အပြင် အာကာသယာဉ်မှူးတွေမှာလည်း အာကာသမှ ဓာတ်ရောင်ခြည်တွေကို ကာကွယ်ဖို့ အသုံးပြုနိုင်မယ်လို့ ယူဆနေပါတယ်။

▪️ ခြေ ၈ ချောင်းရှိတဲ့ အဆိုပါသတ္တဝါတွေကို တောင်ထိပ်တွေ၊ ရေညှိတွေ၊ သဲသောင်တွေ၊ ရေအောက်တို့မှာ နေထိုင်ကြပြီး အာကာသလေဟာနယ်မှာပင် အသက်ရှင်နိုင်ပါတယ်။

#Source: New York Post