#World_Health
Published 22 March 2025
▪️ Autogene cevumeranလို့ အမည်ပေးထားတဲ့ လူတစ်ယောက်ရဲ့ မျိုးဗီဇကိုယ်ခံအားအလိုက် ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ပန်ကရိယကင်ဆာ ကုသရာမှာ စိတ်ချသေချာတဲ့ရလဒ် တွေ့ထားတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ mRNAနည်းပညာကို အသုံးပြုတဲ့ ကင်ဆာကာကွယ်ဆေးဖြစ်ပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ကာ ခွဲစိတ်ပြီးနောက်ပိုင်း ရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။
▪️ ကုသရေး ကင်ဆာကာကွယ်ရေးတွေက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ရှိနေတဲ့ကင်ဆာကို တိုက်ဖျက်ပေးကာ သာမန်ကာကွယ်ဆေးတွေနဲ့ မတူတာက ကင်ဆာဖြစ်ပြီးသားလူနာတွေကို ပေးရတာ ဖြစ်ပါတယ်။
▪️ ဒီကာကွယ်ဆေးတွေက အကျိတ်ပရိုတိန်းတွေကို ပစ်မှတ်ထားဖို့ Tဆဲလ်တွေကို လေ့ကျင့်ပေးကာ ကင်ဆာဆဲလ်တွေကို ကိုယ်ခံအားစနစ်ကနေ တုံ့ပြန်တိုက်ဖျက်ဖို့ လှုံ့ဆော်ပေးပါတယ်။
▪️ ပထမအဆင့် စမ်းသပ်ချက်မှာ လူနာ ၁၆ ဦးပါဝင်ခဲ့ပြီး အကျိတ်ကိုပစ်မှတ်ထားတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။
▪️ ဒါ့အပြင် အဆိုပါ ကိုယ်ခံအားစနစ်ဆဲလ်တွေက အချို့လူနာတွေထဲမှာ ၄ နှစ်နီးပါးလောက် ကျန်ရှိနေတာကြောင့် ကင်ဆာပြန်ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း တွေ့ရပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုရလဒ်တွေက ကျေနပ်စရာကောင်းတယ်လို့ ပန်ကရိယကင်ဆာခွဲစိတ်ဆရာဝန် ဒေါက်တာ ဘာလာချန်ဒရန်က ပြောပါတယ်။
▪️ ပန်ကရိယကင်ဆာက အသက်ရှင်မှုနှုန်း အနည်းဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိကုသနည်းတွေဖြစ်တဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်တို့က ထိရောက်မှုအပိုင်းမှာ အကန့်အသတ်ရှိတာကြောင့် ကုထုံးအသစ်တွေ အားချင်းလိုအပ်လာပါတယ်။
▪️ ယခု autogene cevumeranကာကွယ်ဆေးက လူနာတစ်ဦးချင်းရဲ့ အကျိတ်တွေထဲမှာ ဗီဇပြောင်းလဲမှုများကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
▪️ စမ်းသပ်မှု ဒုတိယအဆင့်မှာတော့ လူနာအများအပြားမှာ autogene cevumeranရဲ့ ထိရောက်ဘေးကင်းမှုကို စမ်းသပ်လေ့လာသွားမှာဖြစ်ပါတယ်။
#Source: India Today