#World_Health
Published 17 July 2025

▪️ အိန္ဒိယမှာ စမူဆာနဲ့ ဂျလေဘီတို့လို စားစရာတွေက အလွန်လူကြိုက်များပေမယ့် ကျန်းမာရေးဝန်ကြီးဌာနကတော့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နေထိုင်စားသောက်မှုပုံစံ ကျင့်သုံးကြဖို့ တိုက်တွန်းနေပါတယ်။

▪️ လုပ်ငန်းရုံးနေရာတွေ၊ ကန်တင်းတွေ၊ အစည်းအဝေးခန်းတွေအထိ ပညာပေးဘုတ်တွေကို ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ကပ်ထားပေးဖို့ ထုတ်ပြန်ထားပါတယ်။

▪️ ဒီဘုတ်တွေမှာ အဆိုပါစားစရာမှာပါဝင်တဲ့ အဆီတွေ၊ သကြားတွေကို စားသုံးမိခြင်းဖြင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်း အသိပညာပေးချင်တာ ဖြစ်ပါတယ်။

▪️ အဆီဓာတ်နဲ့ အချိုဓာတ်များပြားတဲ့ အစားအစာတွေအကြောင်း ပြသရင်း ဆီနဲ့သကြားနဲ့ ပတ်သက်ပြီး အသိပေးဘုတ်များ တပ်ဆင်ဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

▪️ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ အဆီ၊ သကြားတို့ မြင့်မားစွာပါဝင်တဲ့အကြောင်း ဘုတ်တွေမှာ ဖော်ပြထားမှာဖြစ်ပါတယ်။

▪️ AIIMS နက်ပူရ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းက ဒီအစီအစဉ်ကို အဓိကလုပ်ဆောင်တာ ဖြစ်ပါတယ်။

▪️ ကော်ဖီဆိုင်တွေ စားသောက်နေရာတွေမှာ ထင်ရှားပြီး ဖတ်ရလွယ်ကူတဲ့ သတိပေးဘုတ်တွေ စတင်ပြသထားမှာ ဖြစ်ပါတယ်။

▪️ အိန္ဒိယမှာ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့ အဖြစ်များနေပြီး ဒါတွေဟာ ဆီကြော်မုန့်များ၊ အချိုမုန့်များ မကြာခဏစားခြင်းက အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

▪️ စမူဆာတို့ ဂျလေဘီတို့ စတဲ့စားစရာတွေကို ပိတ်ပင်တာမဟုတ်ပေမယ့် ဒါတွေစားမိနေတဲ့အကြောင်းကို အသိပေးချင်တာဖြစ်ပါတယ်။

▪️ ဒီနည်းလမ်းဖြင့် လူတွေကိုအသိပညာပေးပြီး အစားအစာများကို ညီညွတ်မျှတစွာစားသုံးကြဖို့ တိုက်တွန်းနိုင်ရန် အာဏာပိုင်များ မျှော်မှန်းထားပါတယ်။

#Source: India Today