#World_News
Published 17 July 2025

▪️ အစ္စရေးလ်တို့က ဗုဒ္ဓဟူးနေ့မှာ ဆီးရီးယား ဒါမတ်စ်ကပ်ကို လေကြောင်းတိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနတစ်နေရာကို ဖောက်ခွဲနိုင်ခဲ့ပြီး သမ္မတနန်းတော်အနီး ထိမှန်ခဲ့ပါတယ်။

▪️ ဆီးရီးယားတောင်ပိုင်းရှိ ဒရုဇ်လူမျိုးကို တိုက်ခိုက်နေတဲ့ အစိုးရတပ်တွေကို ဖျက်ဆီးပစ်မယ်လို့ အစ္စရေးလ်က ကတိပြုထားပါတယ်။

▪️ ဒါဟာ ဆီးရီးယားယာယီသမ္မတ အာမက်အယ်ရှာရာရဲ့ အစ္စလာမ်အစိုးရအဖွဲ့နဲ့ အစ္စရေးလ်တို့က တင်းမာမှုမြင့်တက်တဲ့သဘော ဖြစ်လာပါတယ်။

▪️ အယ်ရှာရာက အမေရိကန်နဲ့ ဆက်ဆံရေးရှိလာပြီး အစိုးရအဖွဲ့က အစ္စရေးလ်တို့နဲ့ လုံခြုံရေးချိတ်ဆက်မှုများ ရှိနေချိန်ဖြစ်ပါတယ်။

▪️ အစ္စရေးလ်က ဆီးရီးယားခေါင်းဆောင်သစ်တွေကို အယောင်ဆောင်ထားတဲ့ ဂျီဟဒ်တွေလို့ သတ်မှတ်ထားပြီး ဆီးရီးယားတောင်ပိုင်းသို့ ထိုတပ်များရောက်ရှိခွင့်ပေးမှာ မဟုတ်ဘဲ ဒရုဇ်လူမျိုးများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။

▪️ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ "ဆီးရီးယားတိုက်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ထားပြီးဖြစ်ကာ တိုက်ခိုက်မှုတွေ မကြာခင်ရပ်တန့်ဖို့ လိုအပ်တဲ့ခြေလှမ်းများအကြောင်း သဘောတူညီတယ်" လို့ ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။

▪️ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီပဋိပက္ခကိုဖြေရှင်းဖို့ ကြာသပတေးနေ့မှာ တွေ့ဆုံစည်းဝေးမှာဖြစ်ကြောင်း သံတမန်များဆိုပါတယ်။

▪️ ကုလသမဂ္ဂအနေနဲ့ ဆီးရီးယားမြေပေါ်မှာ အပြစ်မဲ့အရပ်သားများအပေါ် ကျူးလွန်မှုများကို ရှုတ်ချရမှာဖြစ်ပြီး အစ္စရေးလ်အနေနဲ့ နယ်စပ်ဒေသတွေမှာ အကြမ်းဖက်ခြိမ်းခြောက်မှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဒန်နီဒါနွန်က ပြောသွားပါတယ်။

#Source: Reuters