#World_Health
Published 11 January 2025


▪️ အချိန်နှစ်ပတ်ကြာအောင် သကြားစားသုံးမှု ဖြတ်တောက်လိုက်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတော့ အားအင်တိုးလာခြင်း၊ အချိုစားချင်စိတ် ပျောက်သွားခြင်း၊ အသားအရည်ချောမွေ့လာခြင်း၊ ခန္ဓာကိုယ် မကိုက်ခဲတော့ခြင်း၊ စိတ်အခြေအနေ တိုးတက်ခြင်းတို့ ရလာနိုင်ပါတယ်။

▪️ ပေါင်မုန့်၊ ပါစတာ၊ ထမင်း၊ အာလူး၊ မုန့်တွေမှာပါ ပုန်းကွယ်ရှိနေတဲ့ သကြားဓာတ်က သကြားအဖြစ်သို့ လျင်မြန်စွာ ပြိုကွဲသွားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်စေပါတယ်။

ဘယ်လိုသက်ရောက်စေလဲဆိုတော့..

▪️ (၁) အချိုစားချင်စိတ်ပျောက်ဆုံးသွားခြင်း - အချိုမစားဘဲနေလိုက်ရင် ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ပမာဏ တည်ငြိမ်အောင် ထိန်းညှိပေးပြီး အချိုဓာတ်မှီခိုခြင်းကို လျှော့ချပေးသွားပါတယ်။

▪️ (၂) ဆာလောင်စိတ် လျော့ကျခြင်း - အချိုနည်းတဲ့စားစရာတွေက ဆာလောင်ဟော်မုန်း ဂရီလင်ကို လျော့ကျစေတယ်လို့ ၂၀၁၉ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

▪️ (၃) နွမ်းနယ်မှုလျော့နည်းခြင်း - အချိုပုံမှန်စားသုံးပြီးတိုင်း စားစရာကြောင့် ပင်ပန်းနွမ်းနယ်စေတာကြောင့် သကြားမစားဘဲ နှစ်ပတ်လောက်နေလိုက်ရင် နွမ်းနယ်မှုလျော့ကျစေပါတယ်။

▪️ (၄) ရေနှင့်အဆီအလေးချိန်ဆုံးရှုံးခြင်း - အင်ဆူလင်လျော့ကျသွားရင် ခန္ဓာကိုယ်က အဆီတွေကို စွမ်းအင်အဖြစ်သို့ လောင်ကျွမ်းစေပါတယ်။

▪️ (၅) စိတ်အခြေအနေတိုးတက်စေခြင်း - သကြားမစားဘဲနေလိုက်ရင် ဆယ်ရိုတိုနင်နဲ့ ဒိုပါမင်ဟော်မုန်းများ အတက်အကျဖြစ်ခြင်းကို လျော့နည်းစေပြီး စိတ်ကျလက္ခဏာ ဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

▪️ (၆) အရေပြားကျန်းမာစေခြင်း - သကြားဓာတ်က ရောင်ရမ်းခြင်းဖြစ်စေတာကြောင့် မစားဘဲနေပါက ရောင်ရမ်းခြင်း လျော့ကျစေပြီး အသားအရည် တင်းရင်းမှု ၃၅ ရာခိုင်နှုန်း ပိုကောင်းစေပါတယ်။

▪️ (၇) ကိုက်ခဲမှုနှင့်ရောင်ရမ်းမှုလျှော့ချခြင်း - သကြားမရှိတဲ့အခါ ခန္ဓာကိုယ်က အဆီကို စွမ်းအင်အဖြစ် အဓိကအသုံးပြုကာ ရောင်ရမ်းခြင်းဖြစ်စေတဲ့ အရာများကို လျှော့ချပေးပါတယ်။

▪️ (၈) ဦးနှောက်လုပ်ဆောင်ချက်မြှင့်တင်ပေးခြင်း - သကြားမစားတဲ့အခါ ခန္ဓာကိုယ်က အဆီကနေ ကီတုန်းများ ထုတ်လုပ်ပေးပြီး ဦးနှောက်အတွက် အင်အားတွေရရှိစေပါတယ်။

▪️ (၉) အသည်းအဆိပ်ဖယ်ရှားခြင်း - သကြားမစားဘဲ နှစ်ပတ်လောက်နေရင် အသည်းကနေ သိမ်းထားတဲ့အဆီတွေကို ဖြိုခွဲပြီး အဆိပ်ဖယ်ရှားပေးပါတယ်။

▪️ (၁၀) ကျောက်ကပ်လုပ်ဆောင်ချက်မြှင့်တင်ခြင်း - အချိုဓာတ်များလွန်းရင် သွေးကြောတွေ ဓာတ်တိုးထိခိုက်စေပြီး သကြားလျှော့ချလိုက်ရင်တော့ ကျောက်ကပ်လုပ်ဆောင်ချက် တိုးတက်စေမှာ ဖြစ်ပါတယ်။

▪️ သကြားဖြတ်တောက်တာက အစပိုင်းမှာ အားအင်မရှိသလို ဖြစ်နိုင်ပေမယ့် ရနိုင်မယ့်အကျိုးကျေးဇူးတွေက ပိုတန်တယ်လို့ ဆိုရပါမယ်။

#Source: The Jerusalem Post