#World_News
Published 11 January 2025
▪️ အမေရိကန်သမ္မတ ပြန်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာပဲ သမ္မတအမိန့်ပေါင်း ၁၀၀ ကျော်ပြင်ဆင်နေပြီး ထိတ်လန့်တုန်လှုပ်စရာ နယ်စပ်လုံခြုံရေး၊ နေရပ်ပြန်ပို့ရေးကိစ္စများနဲ့ အခြားသော မူဝါဒရေးရာများ အလျင်စလိုလုပ်ဆောင်ခြင်းတို့ ပါဝင်နေပါတယ်။
▪️ ကပ်ပီတိုလ်ဟေးလ်မှ သီးသန့်အစည်းအဝေးမတိုင်ခင် ထရမ့်က အမိန့်ပေါင်းများစွာအကြောင်း ရီပတ်ဘလစ်ကန်အမတ်များကို ပြောပြခဲ့ပါတယ်။
▪️ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတကျမ်းသစ္စာဆိုပွဲနေ့ကျရင် အဆိုပါအမိန့်တွေ ထုတ်ပြန်သွားဖွယ် ရှိပါတယ်။
▪️ ထရမ့်ရဲ့ ထိပ်သီးအကြံပေးပုဂ္ဂိုလ် စတီဖင်မီလာက အမြန်ဆုံး စတင်သွားနိုင်ဖွယ်ရှိတဲ့ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှု ကြပ်မတ်ရေး အတိုင်းအတာများအကြောင်း GOP ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ်များကို ပြောပြသွားပါတယ်။
▪️ ကိစ္စရပ်အများအပြားမှာ ထရမ့်မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးနိုင်ရန် ရွေးချယ်ခံသမ္မတရဲ့အဖွဲ့က အုပ်ချုပ်ရေးအမိန့်များ ပြင်ဆင်နေပါတယ်။
▪️ ထရမ့်နဲ့အဖွဲ့က မျက်မှောက်ခေတ်မှာ မတွေ့ရတဲ့ အုပ်ချုပ်ရေးပုံစံစီစဉ်နေပြီး လွှတ်တော် ဥပဒေပြုယန္တရားတွေကို ကျော်လွန်ပြီး အာဏာကိုင်စွဲဖို့ ပြင်ဆင်နေပါတယ်။
▪️ အချို့အမိန့်တွေက သိသာထင်ရှားပြီး အချို့ကတော့ သမ္မတဦးတည်ချက်အသစ်ကို ပြသတဲ့သဘော တွေ့ရပါတယ်။
▪️ ယခုသီတင်းပတ်ကတော့ ဘိုင်ဒင်အုပ်ချုပ်ရေးအမိန့် အများအပြား ပြန်ရုပ်သိမ်းပြီး ထရမ့်ရဲ့ အဆိုပြုချက်တွေ ထည့်သွင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
▪️ အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းအပြီးသတ်ရေး၊ လူဝင်မှု ထိန်းသိမ်းရေးစခန်းများ ဆောက်လုပ်ရေး စတဲ့ကိစ္စရပ်တွေအတွက် ထရမ့်အုပ်ချုပ်ရေးအဖွဲ့နဲ့ GOP ကွန်ဂရက်တို့က ကြီးမားတဲ့အသုံးစရိတ် ပြန်လည်ချင့်ချိန်ရေးဥပဒေ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ပုံငွေပေးနိုင်ရန် လုပ်ဆောင်နေကြပါတယ်။
▪️ နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး ပြစ်မှုကျူးလွန်ထားသူတွေ၊ အမေရိကန်မှာ နေထိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ထားသူ စုစုပေါင်းရွှေ့ပြောင်းလာသူ ၁ သန်းကျော်ကို အရင်ဆုံးဦးစားပေး ဆောင်ရွက်သွားမယ်လို့ လွှတ်တော်အမတ် ဂျိမ်းစ်လန့်ခ်ဖို့ဒ်က ပြောပါတယ်။
▪️ သမ္မတသစ်ဟာ ကျမ်းသစ္စာဆိုပြီးတဲ့အခါ ယင်းအစိုးရအဖွဲ့ရဲ့ တရားဝင်အမည်စာရင်းများနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရွေးချယ်မှုများအတွက် လိုအပ်တဲ့ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးရပါတယ်။
#Source: AP News