#World_Health
Published 06 January 2025
▪️ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ရဲ့ အချက်အလက်များအရ ဒီဇင်ဘာ ပထမအပတ်အတွင်း နိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ၉၁ ဦးရှိခဲ့ပါတယ်။
▪️ ယမန်နှစ် ထိုရက်သတ္တပတ်အတွင်းမှာတော့ ကူးစက်မှု ၆၅ ဦးသာရှိခဲ့တာ ဖြစ်ပါတယ်။
▪️ နိုရိုဗိုင်းရပ်စ် ကူးစက်တဲ့ လက္ခဏာတွေက အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ ဖြစ်ပါတယ်။
▪️ ရောဂါပျံ့ပွားမှုတွေကို အပျော်စီးသင်္ဘောများ၊ လူပေါင်းစုံရှိတတ်တဲ့ ဘိုးဘွားရိပ်သာများ၊ အကျဉ်းထောင်များ၊ ကျောင်းများမှာ တွေ့ရပါတယ်။
▪️ အမေရိကန်မှာ အစားအသောက်ကနေ ရောဂါကူးစက်ရာမှာ နိုရိုဗိုင်းရပ်စ်က အဓိကဖြစ်နေပြီး နှစ်စဉ် ထိုကဲ့သို့ကူးစက်မှုမျိုးရဲ့ ၅၈ ရာခိုင်နှုန်းအထိ သက်ဆိုင်နေတယ်လို့ CDCက ဆိုပါတယ်။
▪️ ဒီဗိုင်းရပ်စ်မျိုးက အလွယ်တကူ ပျံ့နှံ့တတ်ပြီး ဗိုင်းရပ်စ်အမှုန် ၁၀ ခုလောက်ဖြင့် လူကိုနေမကောင်း ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်များ ဆိုနေကြပါတယ်။
▪️ အမေရိကန်မှာ နိုရိုဗိုင်းရပ်စ် ကူးစက်သူ နှစ်စဉ် ၂၅၀၀ ခန့်ရှိပါတယ်။
▪️ အများအားဖြင့် နိုဝင်ဘာကနေ ဧပြီလအတွင်း အဖြစ်များပြီး ရောဂါလက္ခဏာတွေအနေနဲ့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ အစာအိမ်အောင့်ခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ကူးစက်ပုံကတော့ အစားတူတူစားခြင်း၊ ဇွန်းခက်ရင်း တူတူမျှစားခြင်းတို့ဖြင့် အများစုကူးစက်တတ်ပါတယ်။
▪️ ဒါ့အပြင် အစားအစာ၊ ရေ၊ ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တို့ကနေလည်း ကူးစက်နိုင်ပါတယ်။
▪️ ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၁၂ နာရီမှ ၄၈ နာရီအတွင်း ရောဂါလက္ခဏာ စပြကာ အများစုကတော့ ၁ ရက်မှ ၃ ရက်အတွင်း သက်သာတတ်ပါတယ်။
▪️ အသက်အရွယ်မရွေး နိုရိုဗိုင်းရပ်စ် ကူးစက်တတ်ပြီး ကိုယ်ခံအားနည်းသူတွေမှာ ကူးစက်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။
▪️ ဗိုင်းရပ်စ်ကူးစက်တဲ့အခါ ရေများများသောက်သင့်ပြီး ရေဓာတ်ခန်းခြောက်တဲ့ သူတွေအနေနဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။
▪️ နိုရိုဗိုင်းရပ်စ် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောဖို့ပဲဖြစ်ပါတယ်။
#Source: New York Post