#World_News
Published 06 January 2025
▪️ ဘီလျံနာ ပရဟိတသမား ဆိုသူ ဂျော့ဂျ်ဆိုရော့စ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကနေ လွတ်လပ်ရေးဆုတံဆိပ် ချီးမြှင့်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အကျည်းတန်တယ်လို့ တက်စ်လာစီအီးအို အီလွန်မက်စ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
▪️ အမေရိကန်ပြည်ထောင်စုမှာ အမြင့်ဆုံးအရပ်သား ဂုဏ်ပြုဆုဖြစ်တဲ့ လွတ်လပ်ရေးဆုတံဆိပ်ကို ယခုနှစ်အတွင်း ၁၉ ဦးမြောက် ပေးအပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ လူ့အခွင့်အရေး၊ LGBTQ+ရေးနဲ့ သိပ္ပံနယ်ပယ်တို့မှ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ပါတယ်။
▪️ Open Society Foundations တည်ထောင်သူဖြစ်ပြီး အထင်ကရ ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ ဆိုရော့စ်ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပညာရေးနဲ့ လူမှုတရားမျှတရေးတို့ အားကောင်းစေမယ့် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အသိအမှတ်ပြုခံရတာ ဖြစ်တယ်လို့ အိမ်ဖြူတော်မှ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
▪️ အီလွန်မက်စ်က ဆိုရော့စ်ကို အကောင်းမမြင်ခဲ့တာဟာ အခုမှမဟုတ်ဘဲ ၂၀၂၃ ခုနှစ်ကလည်း ဂျူးနွယ်ဖွား ဆိုရော့စ်ဟာ လူသားမျိုးနွယ်ကို မုန်းတီးနေပြီး လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းကို တိုက်စားရန် ရည်ရွယ်နေတယ်လို့ ထိုးနှက်ပြောဆိုခဲ့ပါသေးတယ်။
▪️ ဒါ့အပြင် စွမ်းအားတွေရှိပြီး လူအများသေကြေစေတဲ့ မာဗယ်လ်မှ စိတ်ကူးယဉ်ဇာတ်ကောင် မက်ဂ်နီတိုကို ဆိုရော့စ်နဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။
▪️ ဆိုရော့စ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့သိမ်းပိုက်ထားခဲ့တဲ့ ဟန်ဂေရီမှ အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး သူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ ပရဟိတအမည်ခံလှုပ်ရှားမှုတို့ ဆက်စပ်ရာကနေ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုတွေ ဖြစ်စေတယ်ဆိုတဲ့ ပူးပေါင်းကြံစည်ယူဆမှုတွေနဲ့ မကြာခဏဆိုသလို ပစ်မှတ်ထားခံခဲ့ရပါတယ်။
▪️ ၁၉၃၀မှာ မွေးဖွားခဲ့ပြီး ဟန်ဂေရီမှာ ဂျူးဆယ်ကျော်သက်အဖြစ် ပုန်းခိုခဲ့ရကာ ဆယ်စုနှစ်တွေ ကြာတဲ့အခါမှာတော့ Open Society Foundations တည်ထောင်နိုင်ခဲ့ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူမှုရေးတွေ မြှင့်တင်ဖို့အတွက် ဘီလီယံနဲ့ချီ သုံးစွဲခဲ့ပါတယ်။
▪️ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တာက သူ့ကို အစွန်းရောက်ပုဂ္ဂိုလ်အဖြစ် ထင်မှတ်စရာဖြစ်ခဲ့ပြီး အစိုးရပြောင်းလဲမှုများ၊ စီးပွားရေး မတည်ငြိမ်မှုများ၊ ရန်ပုံငွေလှုပ်ရှားမှုများမှာ လွှမ်းမိုးချုပ်ကိုင်ခဲ့တယ်လို့ ဝေဖန်စွပ်စွဲခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။
▪️ ဒါ့အပြင် မကြာသေးမီက အိန္ဒိယမှ အဒါနီဂရုအရှုပ်တော်ပုံ ဖြစ်ရပ်တွေမှာလည်း ဆိုရော့စ်ရဲ့နာမည် ပေါ်ထွက်လာခဲ့ပါတယ်။
#Source: India Today