#World_Science
Published 22 February 2025
▪️ အသက်ရှည်ကျန်းမာခြင်းအကြောင်း ကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံက အခြားနိုင်ငံတွေထက် များစွာသာလွန်တယ်လို့ ပြောလို့ရပါတယ်။
▪️ သက်ရှည်ကျန်းမာရခြင်း နောက်ကွယ်က အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ၊ အစားအစားနဲ့ မျိုးဗီဇတို့ပါဝင်နေပါတယ်။
▪️ ဒါပေမဲ့ သုတေသနတစ်ခုအရ သွေးအုပ်စုအမျိုးအစားပါ ပါဝင်နေနိုင်ပါတယ်။
▪️ သွေးအုပ်စုတွေထဲမှာ A, B , Oနဲ့ ABဆိုပြီး ခွဲခြားနိုင်ကာ မိဘတစ်ဦးဆီကရတဲ့ မျိုးဗီဇတစ်ခုစီဖြင့် သတ်မှတ်ရရှိပါတယ်။
▪️ သိပ္ပံပညာရှင်တွေက အသက်ကြီးရင့်လာခြင်းနဲ့ သွေးအုပ်စုတို့ကြား ဆက်စပ်မှုပြုလုပ်ဖို့ ကြိုးပမ်းခဲ့ရာမှာ Bသွေးအမျိုးအစားတွေက အိုမင်းရင့်ရော်မှု နှောင့်နှေးနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိလာကြပါတယ်။
▪️ ၂၀၀၄ခုနှစ်က တိုကျိုမှာနေထိုင်တဲ့ အသက် ၁၀၀ ကျော် လူပေါင်း ၂၆၉ ဦးကို နှိုင်းယှဉ်ကာ သွေးအုပ်စုနဲ့ ပျမ်းမျှသက်တမ်းတို့ကြား ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ သွေးအုပ်စု Bက သက်ရှည်ကျန်းမာခြင်းနဲ့ သက်ဆိုင်နေတယ်လို့ ယူဆခဲ့ကြကာ နောက်ထပ်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
▪️ Bသွေးအမျိုးအစားက ဆဲလ်ပြုပြင်ခြင်းနဲ့ အသစ်ဖြစ်ပေါ်ခြင်းဖြစ်စဉ်တွေ ပိုမိုကောင်းမွန်ပြီး ဇီဝကမ္မဖိစီးမှုတွေကို ကောင်းစွာထိန်းချုပ်နိုင်တာကြောင့် ဖြစ်မယ်လို့ ထောက်ပြထားပါတယ်။
▪️ ၂၀၂၂ ခုနှစ် မယ်ရီလန်းဆေးတက္ကသိုလ်မှ သုတေသီများ လေ့လာရာမှာ သွေးအုပ်စု A က Oနဲ့ယှဉ်ရင် အသက် ၆၀ မတိုင်ခင် လေဖြတ်နိုင်ခြေပိုများကြောင်း တွေ့ခဲ့ကြပါတယ်။
▪️ အသက်အရွယ်နဲ့ သင်္ခါရသဘောတရားအရ အိုမင်းလာခြင်းနဲ့ ပတ်သက်လို့ သွေးအုပ်စုတွေက ထင်ထင်ရှားရှား သက်ဆိုင်နေတယ်ဆိုတာတော့ ပြောဖို့ခက်နေပါသေးတယ်။
#Source: WION