#World_Health
Published 16 January 2025
▪️ တစ်နေ့ကို နို့တစ်ခွက်သောက်သုံးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၅ ပုံ ၁ ပုံနီးပါး လျှော့ချနိုင်မယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
▪️ ၁၇ နှစ်ကြာနီးပါးကြာအောင် သုတေသနလုပ်ခဲ့ရာမှာ ၁၂၂၅၁ ဦးမှာ အူမကြီးကင်ဆာ တွေ့ရှိခဲ့ရာမှာ ကယ်လ်စီယံနဲ့ အယ်လ်ကိုဟောတို့က ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ တိုးများခြင်းတို့ကို သက်ရောက်စေပါတယ်။
▪️ ကယ်လ်စီယံ ၃၀၀ မီလီဂရမ်ခန့်ပါဝင်ခဲ့ နို့တစ်ခွက်သောက်ခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့နည်းစေသလို အစိမ်းရောင်အရွက်များ၊ ဒိန်ချဉ်တို့မှာလည်း ကယ်လ်စီယံ ကြွယ်ဝပါတယ်။
▪️ အယ်လ်ကိုဟော သောက်သုံးရင်တော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများစေပြီး တစ်နေ့ကို ဝိုင်တစ်ခွက်သောက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း များစေတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။
▪️ အဆင့်ဆင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ အသားတွေနဲ့ အသားကြီးငါးကြီးတွေဟာလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ များစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ အူမကြီးကင်ဆာ အသက်အရွယ်အစောပိုင်းမှာ အဖြစ်များလာတာဟာ အနောက်တိုင်း အစားအစာတွေကြောင့်လို့ ကျွမ်းကျင်သူများ ထောက်ပြလာကြပါတယ်။
▪️ ကယ်လ်စီယံက အရိုးနဲ့သွား ကြံ့ခိုင်သန်မာစေတယ်လို့ သိထားသလို သည်းခြေအက်ဆစ်၊ ဖရီးဖက်တီးအက်ဆစ်တို့နဲ့ ပေါင်းစပ်ကာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမှ ကာကွယ်ပေးတယ်လို့ ဦးဆောင်သုတေသီ ကီရင်ပါပီယာက ပြောသွားပါတယ်။
ကယ်လ်စီယံက ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ အကျိတ်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတယ်လို့လည်း လေ့လာချက်တွေမှာ ယူဆထားပါတယ်။
▪️ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်ဖို့ ပြောင်းဂျုံများ၊ အသီးအနှံ၊ ဟင်းရွက်များမှ အမျှင်ဓာတ် အများအပြား စားသုံးခြင်း၊ သားကြီးငါးကြီးနဲ့ အဆင့်ဆင့်ထုတ်လုပ်အသားများ ရှောင်ရှားခြင်းတို့ ပြုလုပ်ကာ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သင့်ပါတယ်။
#Source: New York Post