#World_Health
Published 24 July, 2025
▪️ ကိုယ်အလေးချိန်ချတဲ့နေရာမှာ ရေရှည်အထိ ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်သလို ဘေးကင်းထိရောက်ဖို့လည်း လိုအပ်ပါတယ်။
▪️ ဒါကြောင့် ရေရှည်မှာပါ ကိုယ်အလေးချိန်ထိန်းထားနိုင်မယ့် နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။
(၁) မျှတစွာစားခြင်းနှင့် စားသုံးသည့်ပမာဏ
▪️ အသီးအနှံ၊ ဟင်းရွက်၊ အစေ့အဆန်၊ ပရိုတိန်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအဆီတို့ ပါဝင်အောင် စားသုံးသင့်ပြီး ဒါမှသာ အာဟာရဓာတ်များ ရရှိကာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါတယ်။
▪️ တစ်ခါစားတဲ့အခါ ပန်းကန်အသေးဖြင့် ပမာဏနည်းနည်း စားပေးရပါမယ်။
ဒါမှ အလွန်အကျွံစားမိခြင်းမှ ကာကွယ်နိုင်ပြီး အစာကြေစေမှာ ဖြစ်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ခြင်း
▪️ လမ်းလျှောက်ခြင်း၊ ခပ်မြန်မြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
▪️ ကြွက်သားထုထည်များ တည်ဆောက်ပေးသလို ကယ်လိုရီတွေလည်း ပိုမိုလောင်ကျွမ်းစေပါတယ်။
(၃) ရေဓာတ်ဖြည့်ခြင်းနှင့် အိပ်စက်ခြင်း
▪️ ရေများများသောက်ပေးပါက ဆာလောင်မှုကို ထိန်းချုပ်နိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ထောက်ကူပေးပါတယ်။
▪️ တစ်နေ့ကို ၇-၉ နာရီ ကောင်းစွာအိပ်စက်ပေးပါက ဟော်မုန်းတွေကို ထိန်းညှိပေးတဲ့အတွက် ဆာလောင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။
(၄) အလေ့အကျင့်ပြောင်းလဲခြင်း
▪️ တစ်ပတ်ကို ၁-၂ ပေါင်ခန့် ဝိတ်ကျဖို့ စတင်ရည်မှန်းပြီး ရေရှည်မှာပါ အောင်မြင်စွာ ဝိတ်ချနိုင်ဖို့ စိတ်ခွန်အား လှုံ့ဆော်ရပါမယ်။
▪️ ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်နိုင်သလို ကိုယ်အလေးချိန်ချဖို့ အပေါင်းအဖော်များနဲ့ ပူးပေါင်းနိုင်ပါတယ်။
▪️ အခြားနည်းလမ်းအနေနဲ့ အစာမစားဘဲ အချိန်အတိုင်းအတာတစ်ခုအထိ နေခြင်းမျိုးကလည်း ကိုယ်အလေးချိန်ချရာမှာ ထိရောက်မှုရှိပါတယ်။
▪️ ကိုယ်အလေးချိန်ချရာမှာ အလွယ်ကူဆုံးနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းက မျှတတဲ့အစားအစာ၊ ကိုယ်လက်ပုံမှန်လှုပ်ရှားခြင်း၊ ရေဓာတ်ဖြည့်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ အလေ့အကျင့်ပြောင်းလဲခြင်းတို့ကို ပေါင်းစပ်ပြုလုပ်သင့်ပါတယ်။
#Source: DoctorNDTV