#World_Health
Published 24 July, 2025

▪️ အချို့သော အစားအစာတွေက အိပ်စက်ခြင်းအခြေအနေနဲ့ အိပ်မက်ပုံစံတို့အပေါ် သက်ရောက်မှု အမှန်တကယ်ရှိပြီး အထူးသဖြင့် အစာခြေပြဿနာရှိသူတွေမှာ ဖြစ်တတ်ပါတယ်။

▪️ နို့ထွက်ပစ္စည်းတွေ၊ အချိုဓာတ်ပါဝင်တဲ့ ပစ္စည်းတွေက အိပ်မက်ဆိုးတွေ အိပ်မက်ဆန်းတွေ ဖြစ်စေတဲ့နေရာမှာ ထိပ်ဆုံးကရှိနေပြီး ဟင်းရွက်၊ အသီးအနှံ၊ ဆေးဖက်ဝင်လက်ဖက်တို့ကတော့ ကောင်းစွာအိပ်စက်နိုင်စေပါတယ်။

▪️ စားတဲ့အချိန်ကလည်း ပတ်သက်နေသလို ညနောက်ကျမှ စားသောက်ခြင်း၊ ညဘက်တစ်ရေးနိုးထစားခြင်းတို့က အိပ်စက်မှုအခြေအနေကို ထိခိုက်စေတယ်လို့ တွေ့ရှိထားပါတယ်။

▪️ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ် ဓာတ်ပြုခြင်းတို့က အိပ်စက်ခြင်းနဲ့ အိပ်မက်အကြောင်းအရာတို့ကို သက်ရောက်စေတာကြောင့် လက်တို့စ်မတည့်သူတွေမှာ အိပ်မက်ဆိုးပိုမက်နိုင်ပါတယ်။

▪️ အစာဆက်စပ် ဓာတ်ပြုခြင်းတွေနဲ့ အိပ်မက်အကြောင်းအရာတွေ ပတ်သက်နေရာမှာ အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးက ပါဝင်နေတယ်လို့ ယူဆထားပြီး စိုးရိမ်ပူပန်တတ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့က ဒီသက်ရောက်မှုကို ပိုဆိုးစေပါတယ်။

▪️ အချို့သော အစားအစာတွေကြောင့် အိပ်စက်မှုအခြေအနေ ထိခိုက်စေကာ REM အိပ်စက်မှုအဆင့်မှာ နိုးလာတတ်ကြပါတယ်။

▪️ အစားအစာနဲ့ အိပ်မက်ဆက်စပ်မှုကို ပိုမိုနားလည်ဖို့အတွက် သုတေသီတွေက အခြားလူမျိုးတွေမှာပါ စမ်းသပ်မှုများ ချဲ့ထွင်ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

#Source: The Jerusalem Post