#World_Science
Published 25 May 2025
▪️ ကမ္ဘာကြီးဟာ တစ်နေ့တခြား ပိုမိုပူနွေးလာပြီး မကြာခင် ရှင်သန်နေထိုင်လို့မရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
▪️ ကမ္ဘာဂြိုဟ်ပေါ်မှာ ဘာသက်ရှိမှ မတည်ရှိနိုင်လောက်တဲ့အထိ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
▪️ အခုဆိုရင် သိပ္ပံပညာရှင်တွေက ကမ္ဘာပေါ်မှာ သက်ရှိအားလုံး ပျောက်ကွယ်သွားနိုင်မယ့် သက္ကရာဇ်အတိအကျကို ဖော်ထုတ်လိုက်ပါတယ်။
▪️ နာဆာသိပ္ပံပညာရှင်များနဲ့ ဂျပန်နိုင်ငံ တိုဟိုတက္ကသိုလ်မှ သုတေသီများက စူပါကွန်ပျူတာများဖြင့် အသုံးပြုတွက်ချက်ရာမှာ ၁,၀၀၀,၀၀၂,၀၂၁ ခုနှစ်ကျရင် သက်ရှိတွေ အဆုံးသတ်သွားမယ်လို့ သိလိုက်ရပါတယ်။
▪️ အဓိကအားဖြင့် နေလုံးကြီးက ကမ္ဘာကို လောင်ကျွမ်းစေမှာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
▪️ နေလုံးဟာ နှစ်သန်းပေါင်းများစွာတိုင်အောင် လောင်ကျွမ်းနေပြီး လည်ပတ်နေရင်းနဲ့ပဲ ပိုပိုပူပြင်းလာပါတယ်။
▪️ လာမယ့်နှစ်တွေမှာ နေလုံးကထွက်တဲ့ စွမ်းအင်က ပိုများလာနိုင်ပြီး စကြဝဠာစနစ်အတွင်းရှိ ဂြိုဟ်တွေကို ပူလောင်စေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
▪️ ပူလွန်းလှတဲ့ အပူဒဏ်ကြောင့် ကမ္ဘာ့မျက်နှာပြင်အခြေအနေ ဆိုးရွားပြင်းထန်လာကာ ခံနိုင်ရည်အရှိဆုံး သက်ရှိတွေပင် ကမ္ဘာပေါ်မှာ တည်ရှိနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။
▪️ ဒီလိုအဆုံးသတ်သွားမယ့်ဖြစ်စဉ်ဟာ ပိုပြီးစောစီးစွာ စတင်လာနိုင်ပြီး ကမ္ဘာကြီးဆိုရင် ဒီလက္ခဏာအခြေအနေတွေ ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။
▪️ ပိုမိုပူပြင်းတဲ့ နေဒဏ်ကို ကမ္ဘာ့လေထု စတင်ခံစားလာရပြီး အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ အပူချိန် စတင်မြင့်တက်လာခြင်း၊ လေထုအရည်အသွေး ပိုမိုဆိုးရွားခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ လူသားတွေကြောင့် ရာသီဥတု ပြောင်းလဲခြင်းကလည်း ပိုမိုဆိုးရွားလာစေပြီး တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်နေသလို ရေခဲထုတွေ အရည်ပျော်လာကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေပါတယ်။
▪️ ၁,၀၀၀,၀၀၂,၀၂၁ ခုနှစ်က ဝေးကွာလွန်းနေသေးပေမယ့် ကျွမ်းကျင်သူတွေကတော့ ကမ္ဘာကိုကယ်တင်ဖို့ အဖြေရှာနေကြသလို ကမ္ဘာကြီးက ကယ်တင်မရတော့လို့ မားစ်ဂြိုဟ်လိုမျိုး အခြားဂြိုဟ်တွေမှာ လူသားတွေ အခြေချနေထိုင်ဖို့ ကြိုးပမ်းနေသူတွေလည်း ရှိပါတယ်။
#Source: WION