#World_Health
Published 25 May 2025

▪️ ကမ္ဘာကျော်မင်းသားကြီး တွမ်ခရုစ် အသက် ၆၁ နှစ်ရောက်တဲ့အထိ ခွန်အားအပြည့်၊ ကြံ့ခိုင်မှုပိုင်းအပြည့်ဖြင့် ဖျော်ဖြေနိုင်နေဆဲဖြစ်ပါတယ်။

▪️ ဒီလိုမျိုး ဆက်လက်နုပျိုနေနိုင်အောင် ချက်ပြုတ်စားသောက်ပုံကို မျှဝေသွားပါတယ်။

▪️ တွမ်ခရုစ်က မနက်စာကို ဝက်အူချောင်း၊ ကြက်ဥ၊ ဝက်ပေါင်ခြောက်၊ ပေါင်မုန့်မီးကင်၊ ကော်ဖီစသဖြင့် အများအပြားစားတယ်လို့ ရှင်းပြထားပါတယ်။

▪️ ခက်ခဲတဲ့သရုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့ ကြံ့ခိုင်မှုအသင့်ဖြစ်နေအောင် မနက်စာအားပြည့်အောင် စားသောက်တယ်လို့ ပြောပါတယ်။

▪️ သူက တစ်နေ့ကို ထမင်း ၃ နပ်ကြီးစားတာထက် နည်းနည်းစီဖြင့် ၁၅ ကြိမ်လောက် စားသောက်တဲ့ပုံစံ ပြုလုပ်ပါတယ်။

▪️ ဒီနည်းလမ်းဖြင့် တစ်နေ့တာ ခက်ခဲမှုတွေအတွက် စွမ်းအင်မပြတ် ပေးစွမ်းနိုင်စေတယ်လို့ ဆိုပါတယ်။

▪️ သူစားတဲ့နည်းလမ်းမှာ အခြေခံကျတာက အစားအစာကို အပူချိန်နည်းနည်းဖြင့် ချက်ပြုတ်တာပဲဖြစ်ပါတယ်။

▪️ ဒီလိုချက်ပြုတ်ရင် စားစရာရဲ့ အာဟာရဓာတ်တွေနဲ့ အနံ့အရသာကို ပိုမိုထိန်းသိမ်းနိုင်ပါတယ်။

▪️ ဒါ့အပြင် တွမ်ခရုစ်က အချို၊ သကြား၊ အကြော်စာတွေကို ရှောင်ရှားပြီး အာဟာရကြွယ်ဝတဲ့ သစ်သီးဝလံများကိုသာ စားသုံးပါတယ်။

▪️ ဒီစားစရာတွေက ခန္ဓာကိုယ်နိုးကြားတက်ကြွနေစေမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ထောက်ပံ့ပေးကာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

▪️ နေထိုင်မှုပုံစံမှာတော့ ဟဲဗီးဝိတ်မတာထက်စာရင် ခန္ဓာကိုယ်ညီညွတ်မျှတစေမယ့် လေ့ကျင့်ခန်းတွေသာ ဦးစားပေးပါတယ်။

▪️ ဒီလိုနေထိုင်မှုတွေနဲ့ စားသောက်မှုပုံစံတွေက သူ့ကို နုပျိုကြံ့ခိုင်နေစေပြီး ငယ်စဉ်ကအတိုင်း အကြမ်းခံလှုပ်ရှားနိုင်စေတာ ဖြစ်ပါတယ်။

#Source: The Jerusalem Post