#World_Health
Published 03 Oct 2024


▪️ အာရုံကြောတွေ ချို့ယွင်းလာတဲ့ အယ်လ်ဇိုင်းမားရောဂါဟာ သက်ကြီးရွယ်အိုတွေမှာ ဒီမန်ရှာရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

 

▪️ ဒီရောဂါကြောင့် မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်မှု၊ အပြုအမူတို့ကို အဓိကထိခိုက်စေကာ သာမန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စွမ်းကိုပင် တဖြည်းဖြည်း ချို့ယွင်းလာစေပါတယ်။

 

▪️ သုတေသနများအရ ကျန်းမာတဲ့အလေ့အထ ကျင့်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျှော့ချခြင်းနဲ့ နှောင့်နှေးစေခြင်းတို့ ရရှိစေနိုင်ပါတယ်။
ဘယ်လိုအလေ့အကျင့်တွေက ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးနိုင်မလဲဆိုတော့..

 

(၁) ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း
▪️ ပုံမှန်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်စေကာ ဦးနှောက်သို့ သွေးလည်ပတ်မှု ကောင်းစေပါတယ်။

 

▪️ တစ်ပတ်ကို ကိုယ်ကာယလေ့ကျင့်ခန်း အနည်းဆုံး ၁၅၀ မိနစ် ပြုလုပ်ခြင်းဖြင့် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

 

(၂) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း
▪️ စားလိုက်တဲ့ အစားအစာက ဦးနှောက်ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်စေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကျန်းမာရေးအဆီများ၊ သကြားနည်းတဲ့အစာများက မှတ်ဉာဏ်လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ဦးနှောက်ဓာတ်တိုးဖိစီးခြင်းကို လျှော့ချပေးပါတယ်။

 

▪️ အပင်အခြေပြု အစားအစာများ၊ သံလွင်ဆီလိုမျိုး ကျန်းမာရေးအတွက် ညီညွတ်တဲ့အဆီ၊ ငါးလိုမျိုး ပရိုတိန်းတို့ စားသုံးသင့်ပါတယ်။

 

(၃) ဦးနှောက်အသုံးချခြင်း
▪️ ဦးနှောက်လှုပ်ရှားနေအောင် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်မှုကို နှောင့်နှေးစေပါတယ်။

 

▪️ စာဖတ်ခြင်း၊ အတတ်ပညာတစ်ခုခု သင်ယူလေ့လာခြင်း၊ ပဟေဌိဖြေရှင်းခြင်း၊ လူမှုပေါင်းသင်းခြင်းတို့က မှတ်ဉာဏ်နဲ့ စဉ်းစားမှုတို့ အားကောင်းစေပါတယ်။

 

(၄) ကောင်းစွာအိပ်စက်ခြင်း
▪️ ကောင်းစွာ မအိပ်ရခြင်းက အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ များစေပါတယ်။

 

▪️ အိပ်စက်ခြင်းဖြင့် ဦးနှောက်ထဲမှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ ကြာရှည်အိပ်ရေးပျက်လာပါက အယ်လ်ဇိုင်းမားဖြစ်စဉ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်စေပါတယ်။

 

(၅) ဖိစီးမှုထိရောက်စွာလျှော့ချခြင်း
▪️ ကြာရှည်စွာ ဖိစီးမှုခံစားရပါက ဦးနှောက်အလျင်အမြန် အိုမင်းလာပြီး မှတ်ဉာဏ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။

 

▪️ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ ယောဂကျင့်ခြင်း၊ သဘာဝပတ်ဝန်းကျင်မှာ နေထိုင်ခြင်းတို့ဖြင့် ဖိစီးမှုလျော့ကျစေနိုင်ပါတယ်။

 

(၆) လူမှုပေါင်းသင်းရေးလိုက်စားခြင်း
▪️ လူမှုဆက်ဆံရေးမှာ တက်ကြွစွာ နေထိုင်ခြင်းဖြင့် ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပါတယ်။

 

▪️ စိတ်ပိုင်းဆိုင်ရာကို လှုံ့ဆော်ပေးပြီး မိတ်ဆွေအပေါင်းအသင်း မိသားစုတို့နဲ့ ဆက်ဆံခြင်း၊ အသင်းအဖွဲ့များ ပါဝင်ခြင်းတို့ဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွနေမှာ ဖြစ်ပါတယ်။

 

(၇) ဆေးလိပ်အရက်သေစာ ရှောင်ရှားခြင်း
▪️ ဆေးလိပ်ရော အရက်သေစာရော အလွန်အကျွံသုံးစွဲခြင်းက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။

 

▪️ ဒါကြောင့် ကန့်သတ်သုံးစွဲခြင်း ဒါမှမဟုတ် ဖြတ်ခြင်းတို့ဖြင့် ထိုပြဿနာများကို လျှော့ချနိုင်ပါတယ်။

 

▪️ အယ်လ်ဇိုင်းမားရောဂါကို လုံးဝကာကွယ်နိုင်မယ့် နည်းလမ်း မရှိပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာတွေကို အတော်အသင့် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

#Source: DoctorNDTV